Part 15(U+Z)

6.9K 560 14
                                    

~Unicode~

တက္ကသိုလ်တက်ရတော့မယ့်ရှောင်းကျန့်ကစာတွေအသည်းအသန်ကြိုးစားပြီးအမှတ်တွေကောင်းခဲ့ပေမယ့် ရွေးချယ်ခဲ့တာက ပန်းချီမေဂျာပါတဲ့လေ...

ဒါကိုအားလုံးကအပြစ်တင်ကြပေမယ့်ရှောင်းမားကတော့ရှောင်းကျန့်ရွေးချယ်မှုကိုခပ်ပြုံးပြုံးသာ...သူမရဲ့အမျိုးသားကလည်းပန်းချီပညာနဲ့အသက်မွေးခဲ့တဲ့သူမို့သားဟာလည်းပန်းချီကိုရွေးချယ်သွားတာအဆန်းမှမဟုတ်ပါပဲလေ...

ကျောင်းစတက်တော့ရှောင်းကျန့်ကရိပေါ်အားတွေ့လိုတွေ့ညားတိတ်တိတ်လေးလိုက်ရှာမိသည်။ရိပေါ်ကစီးပွားရေးဖြစ်ပြီးဖန်းအာကတော့အနုပညာမေဂျာကိုသာရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရှောင်းကျန့်ကကျောင်းရောက်တော့ကိုယ်နေရမယ့်အဆောင်ကိုအထုတ်အပိုးတွေနဲ့သွားလိုက်သည်။အဆောင်ကကျောင်းထဲမှာပဲဆောက်ထားတာမို့သွားရလာရတာအဆင်ပြေသည်။ရှောင်းကျန့်ရဲ့အဆောင်ကသုံးထပ်အဆောင်ရဲ့ဒုတိယထပ်မှာဖြစ်သည်။

ရှောင်းကျန့်လက်ထဲမှအခန်းသော့လေးကိုကြည့်လိုက်တော့no.128ဖြစ်သည်။အခန်းရှေ့ရောက်တော့တံခါးကပွင့်လျက်သားပင်...ဒါကြောင့်ရှောင်းကျန့်လည်းအခန်းဖော်ရောက်နေတာသိလိုက်ပြီး အခန်းထဲသို့ဝင်လာခဲ့လိုက်တော့သည်။

"မင်္ဂလာပါခင်ဗျ...ကျွန်တော်က ရှောင်းကျန့်...."

နောက်ခိုင်းနေရာမှသူ့ဘက်ကိုလှည့်လာတဲ့သူ​ကြောင့်ရှောင်းကျန့်မတ်တပ်ရပ်ကာကျောက်ရုပ်လိုဖြစ်နေမိသည်။

"ရိပေါ်...."

"အင်းးး အဲ့လိုပဲမတ်တပ်ရပ်နေတော့မှာလား ထိုင်လေ"

"သြော် အင်းအင်းးး"

ရှောင်းကျန့်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ တစ်ဖက်ကုတင်မှာဝင်ထိုင်လိုက်သည်။ဟူးးး ရင်ခုန်ရလွန်းလို့ဘယ်လိုလုပ်ပါ့မလဲ....ကိုယ်ချစ်ရတဲ့သူနဲ့တစ်ခန်းထဲအတူနေရတာဘယ်လောက်တောင်​ရင်ခုန်ဖို့ကောင်းလိုက်သလဲ...

ရိပေါ်ကတော့ အူကြောင်ကြောင်လေးဖြစ်နေတဲ့ရှောင်းကျန့်ရဲ့မျက်နှာလေးကိုကြည့်နေမိသည်။သူကိုရှောင်နေခဲ့တဲ့ရှောင်းကျန့်ကြောင့် သူဘယ်လောက်တောင်လွမ်းလိုက်ရသလဲ...

My Ugly Boy [Completed]Where stories live. Discover now