Part 6(U+Z)

6.2K 566 12
                                    

~Unicode~

အချိန်တွေဟာမြန်ဆန်လွန်းပါတယ်...ခုဆိုရင်ရှောင်းကျန့်ဟာ အထက်တန်းတတိယနှစ်ကျောင်းသားကြီးတောင်ဖြစ်နေခဲ့ပြီ...

ဒီနှစ်တွေအတောအတွင်းမှာ ဘာမှသိပ်ပြီးတော့ပြောင်းလဲမသွားခဲ့ပါ...ယုန်သွားလေးနဲ့တူတဲ့ရှေ့သွားလေးတွေရှိလာခဲ့တာရယ်...ရိပေါ်အပေါ်အရောင်ပြောင်းသွားခဲ့တဲ့စိတ်ကလေးရယ်ကလွဲရင် အားလုံးဟာအရင်က အတိုင်းပါပဲ...

သူဟာ အားလုံးရဲ့အနှိမ်ခံလေးဖြစ်နေတုန်းး ရုပ်ဆိုးကောင်လို့အခေါ်ခံနေရတုန်းပါပဲ....

တဖြည်းဖြည်းနဲ့အရောင်ပြောင်းလဲခဲ့တဲ့သူ့စိတ်ကိုရိပေါ်သိသွားမှာရှောင်းကျန့်ကသိပ်စိုးရိမ်ပါသည်။ရိပေါ်ကသူ့ကိုသူငယ်ချင်းအဖြစ်ကနေပြတ်ဆဲသွားမယ့်အဖြစ်တွေကိုသူ မလိုချင်ပါ...

ရိပေါ်ဟာသူ့ရဲ့သူငယ်ချင်းး အပြင်ကျေးဇူးရှင်ပါဖြစ်နေတဲ့အခါ သူဟာအချစ်တွေကိုဖွင့်ဟဝန်ခံဖို့ရာမရဲပါ...

အသက်တွေကြီးလာတာနဲ့အမျှရိပေါ်ဟာသူ့ကိုစိမ်းကားသွားခဲ့ပါတယ်...ဖန်းအာနဲ့သာအတွဲများတဲ့ရိပေါ်ကိုသူစိတ်ဆိုးချင်မိပါသည်။ဒါပေမယ့်ဘယ်လိုများစိတ်ဆိုးရဲပါ့မလဲ...

ဖန်းအာရဲ့ရိပေါ်အပေါ်မရိုးသားတဲ့အကြည့်တွေကိုရှောင်းကျန့်မြင်ရတဲ့အခါတုန်လှုပ်မိပါသည်။ဖန်းအာကလှပလွန်းတဲ့မိန်းမပျိုလေးအဖြစ်ကြီးပြင်းလာခဲ့တာမဟုတ်ပါလားး

ရိပေါ်ကသူလိုအပ်တဲ့အချိန်တွေမှာသာရှောင်းကျန့်ကိုသူငယ်ချင်းတစ်ယောက်အဖြစ်ဆက်ဆံလာတာကိုလည်းရှောင်းကျန့်ကသိပါသည်။

"ရိပေါ် ကျောင်းခေါင်မိုးထပ်မှာရန်ဖြစ်နေတယ်!!!"

အတန်းထဲကကျောင်းသားတစ်ယောက်ရဲ့အော်သံကြောင့်ရှောင်းကျန့်ရဲ့အတွေးစလေးတွေပြတ်တောက်ကာကျောင်းခေါင်မိုးထပ်ကိုပြေးသွားမိတော့သည်။

ရှောင်းကျန့်ကျောင်းခေါင်မိုးထပ်ကိုရောက်တော့အခြားကျောင်းသား၃ယောက်ကိုလက်သီးနဲ့ထိုးကြိတ်နေတဲ့ဝမ်ရိပေါ်...ထိုးကြိတ်ခံရတဲ့ကျောင်းသားတွေကဘာမှပြန်မလုပ်တာမို့ ရိပေါ်မှာဒဏ်ရာတွေတော့မရှိ...ကျောင်းပိုင်ရှင်ကြီးကိုဘယ်သူကများပြန်လုပ်နိုင်ပါ့မလဲ

My Ugly Boy [Completed]Where stories live. Discover now