Part 14(U+Z)

6.4K 547 10
                                    

~Unicode~

အထက်တန်းစာမေးပွဲကြီးပြီးတဲ့အခါရှောင်းကျန့်က Sweety ဆိုတဲ့စားသောက်ဆိုင်လေးတစ်ခုမှာအချိန်ပိုင်းစားပွဲထိုးလေးအဖြစ်အလုပ်လုပ်တယ်...

Dream University ကိုအခမဲ့တက်ခွင့်ကိုဝမ်အိမ်တော်ကျေးဇူးနဲ့ရှောင်းကျန့်ကရခဲ့ပေမယ့်သုံးစရိတ်စားစရိတ်ကိုတော့သူ့ဘာသာရှာဖွေရမယ်မဟုတ်ပါလားး။

"ရှောင်းကျန့်ရေ...စားပွဲနံပတ်နှစ်ကို ဒါလေးပို့ပေးပါဦး"

ဆိုင်ရဲ့chefဖြစ်တဲ့ဟိုက်ခွမ်းကောရဲ့အသံကြောင့်ရှောင်းကျန့်လည်းကော်ရည်ခေါက်ဆွဲပွဲနှင့်အချိုရည်ခွက်လေးတစ်ခုကိုဗန်းလေးထဲထည့်ကာ စားပွဲနံပတ်နှစ်သို့ပို့ပေးလိုက်သည်။

စားပွဲနံပတ်နှစ်သို့ရောက်တော့ထိုင်နေတဲ့လူကိုမကြည့်လိုက်ပဲမှာထားတဲ့အစားအစာတွေကိုသေချာနေရာချပေးလိုက်သည်။

"အရသာရှိရှိသုံးဆောင်ပါဗျ"

ခေါင်းလေးငုံ့လို့ပြောကာပြန်သွားမည်အပြုသူ့လက်ကိုဆွဲထားတဲ့ထိုစားပွဲဝိုင်းကလူ....ရှောင်းကျန့်လည်းထိုလူကိုကိုကြည့်လိုက်မိတော့မျက်လုံးလေးတွေပြူးကျယ်သွားသည်။

"ဟို...ဟို....ကောက...ကျွန်တော့်ကိုကယ်ပေးခဲ့တဲ့သူ...."

"ဟက်...ညီကကိုယ့်ကိုမှတ်မိသားပဲ...ကိုယ့်နမည်ကလျန်ရှင်း....ကျိုးလျန်ရှင်းလို့ခေါ်တယ်...မှတ်ထားနော်"

"ဟုတ်ကဲ့...လျန်ရှင်းကော...ဟို...ပြောတာနောက်ကျပေမယ့် ကျေးဇူးပါနော်...ကူညီခဲ့ပေးလို့"

ရှောင်းကျန့်စကားကိုလျန်ရှင်းကောကသွားစွယ်လေးတွေပေါ်အောင်ပြုံးပြလာသည်။ပါးမှာလည်းပါးချိုင့်လေးတွေရှိနေသေးသည်။လျန်ရှင်းကောက တကယ့်ကိုချောတာပဲ...ဘာကြောင့်မှန်းမသိပေမယ့်လျန်ရှင်းကောကိုမြင်တော့အစ်ကိုရင်းတစ်ယောက်လိုခင်မိသည်။

"ညီ့ အချိန်ပိုင်းအလုပ်ကပြီးတော့မှာမဟုတ်လား"

"ဟင်...လျန်ရှင်းကောက ဘယ်လိုသိတာလဲ...."

"ဒီလိုပဲပေါ့....ညနေ၆နာရီဆိုရင်ညီ့အချိန်ပိုင်းအလုပ်ပြီးမှန်း ကိုယ်သိတယ်လေ....အဲ့တော့ ကိုယ် ညီ့ကိုအိမ်ပြန်လိုက်ပို့ပေးချင်တယ်..."

My Ugly Boy [Completed]Where stories live. Discover now