Part 5(U+Z)

6.1K 565 23
                                    

~Unicode~

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာကြောင့်ရှောင်းကျန့်တစ်ယောက် မားကိုဝိုင်းကူပေးနေသည်။

ရှောင်းမားကိုတော့ စျေးရောင်းခိုင်းကာသူကတော့ရေတွေဖြည့်နေခြင်းဖြစ်သည်။ရှောင်းကျန့်တို့က ဆင်းရဲတာကြောင့်ရေကိုဆိုရင် ကိုယ်တိုင်ခပ်ပြီးသုံးရသည်။သူများတွေလိုရေဖိုးမီးဖိုးတွေအကုန်အကျမခံနိုင်...ထမင်းဆိုရင်လည်းထင်းမီးနဲ့သာချက်ရသည်။

"သား!!!ရေမပြည့်သေးဘူးလားကွယ်...သားမောနေရောပေါ့"

"မမောပါဘူးမားရဲ့...ဒီမှာကြည့်သားမှာအားတွေရှိပါတယ်"

သူမရဲ့ ၇နှစ်သားလေးရှောင်ကျန့်ကပိန်ညှောင်နေတဲ့လက်ကလေးကို ဗလထုတ်ပြတဲ့အခါ သူမမျက်ရည်တွေဝဲလာမိသည်။သူမရဲ့သားလေးဟာအရွယ်နဲ့မလိုက်အောင်သိတတ်လွန်းသည်။

ခနကြာတော့ရေခပ်ပြီးတဲ့သူမရဲ့သားလေးဟာမနားပါဘဲ သူမရဲ့အဝတ်တွေကိုလျှော်ဖွတ်ပေးနေပြန်သည်။

"သားရယ်...နောက်မှမားလျှော်လိုက်ပါ့မယ်...သွားဆော့တော့လေ"

နဖူးပေါ်မှစီးကျလာတဲ့ချွေးတွေကိုသုတ်ကာပြုံးပြလာတဲ့သူမရဲ့သားးမျက်မှန်လေးကိုလည်းပင့်တင်လိုက်သေးသည်။

"သားမဆော့သေးပါဘူးမားရဲ့...သားကမားကိုကူလုပ်ပေးချင်တာ"

ရှောင်းမားတစ်ယောက်ရင်ထဲမှာပြောမပြတတ်လာက်အောင်ဝမ်းနည်းဝမ်းသာဖြစ်မိသည်။

ဝမ်းသာတာကတော့သူမသားလေးဟာဖခင်မရှိတော့သည်တိုင် သူမရဲ့သွန်သင်ဆုံးမမှုတွေနဲ့လိမ္မာယဥ်ကျေးလွန်းတာကြောင့်ဖြစ်သည်။

ဝမ်းနည်းမိတာကတော့ သူမရဲ့သားလေးကို အခြားကလေးများလိုအရုပ်လှလှလေးတွေ...အင်္ကျီလှလှလေးတွေမဝယ်ပေးနိုင်တာကြောင့်ပင်...ရုပ်ဆိုးတဲ့သူမရဲ့သားငယ်လေးကိုကလေးတွေကအနိုင်ကျင့်တာကိုလည်းသူမ သိပါသည်။ဒါပေမယ့်လည်းပိုက်ဆံမရှိတဲ့သူမတို့ဟာဘာများပြန်လုပ်နိုင်မှာတဲ့လဲ...

"မားးးးး"

သူမအတွေးလွန်နေမိတုန်းသားလေးရဲ့အသံစူးစူးလေးကြောင့်လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့သည်။

My Ugly Boy [Completed]Where stories live. Discover now