Part 8(U+Z)

6K 542 4
                                    

~Unicode~

ရှောင်းကျန့်တစ်ယောက် မနေ့ကအဖြစ်အပျက်တွေကြောင့် ရိပေါ်ရဲ့အိမ်ဘက်ကိုမသွားဖြစ်တော့ပေ။သွားရင်လည်းသူပဲ ပူလောင်ရမယ်မဟုတ်ပါလားး

လှေကားလေးပေါ်မှာထိုင်ကာငိုင်နေတဲ့သားဖြစ်သူကို ရှောင်းယင်တစ်ယောက်ကြည့်နေတာကြာပြီ...အရင်တုန်းကကျောင်းပိတ်ရက်ရပြီဆိုတာနဲ့ဝမ်အိမ်တော်ကိုပြေးပြေးသွားတတ်တဲ့ထိုကလေးက ခုတော့ဖြင့် အရုပ်ကြိုးပျက်သလိုတမှိုင်မှိုင်တထွေထွေ

"ဒီနေ့ ဝမ်အိမ်တော်ကိုမသွားဘူးလားသားး"

"မသွားချင်ဘူး မားးး"

စိတ်မပါသလိုပြန်ဖြေလာတဲ့သား
ကြောင့်သူမစျေးဆိုင်လေးမှာထိုင်နေရာကထကာ သားဖြစ်သူဆီသွားလိုက်သည်။

"သားး ဘာတွေဖြစ်နေတာလဲဆိုတာ မား ကိုပြောပြချင်လားး"

သားငယ်က သူမကိုတစ်ချက်ကြည့်ကာခေါင်းကိုအောက်သို့ငုံ့ချသွားသည်။

"သားသူ့ကိုချစ်တယ်မားး"

"ဝမ်ရိပေါ်လေးကိုပြောတာလားသားး"

ရှောင်းကျန့်မှာတော့မားရဲ့စကား
ကြောင့်မျက်မှန်အောက်ကမျက်လုံးလေးတွေဟာဝိုင်းစက်သွားခဲ့ရသည်။

"မားး သိနေတာလား"

သူ့ရဲ့အမေးကြောင့်မားကပြုံးပြပြီးခေါင်းငြိမ့်ပြလာသည်။

"သားရိပေါ်ကိုချစ်တယ်မားး ဒါပေမယ့်မဖြစ်နိုင်ပါဘူးမားရယ်...ရိပေါ်ကရုပ်အရမ်းချောတဲ့သူဌေးသားလေးး... သားး..သားကတော့ ဒီတိုင်းဆင်းရဲသား ရုပ်ဆိုးဆိုးကောင်လေးပါပဲ...သားကရိပေါ်နဲ့မထိုက်တန်ပါဘူးး..မိုးနဲ့မြေလို ကွာခြားနေတဲ့သူပါ...ဒါပေမယ့်လေ...သားလောဘနည်းနည်းလေးတော့ထားချင်စိတ်ဖြစ်မိနေတယ်မားး"

မားကသူ့စကားတွေကိုသေချာနားထောင်ပေးနေသည်။ရှောင်းကျန့်နဲ့မားရဲ့ဆက်ဆံရေးက သားအမိလိုတစ်မျိုး သူငယ်ချင်းလိုတစ်ဖုံဖြစ်တာမို့ ရှောင်းကျန့်ကလည်း သူ့ခံစားချက်တွေကိုမားအား မချွင်းမချန်ပြောပြတတ်သည်။

ရှောင်းကျန့်မျက်ရည်တွေဝေ့သီနေတဲ့မျက်လုံးလေးနဲ့သူ့ရှေ့မှာမတ်တပ်ရပ်နေတဲ့မားကိုမော့ကြည့်မိသည်။
ထိုအခါမားက သူ့လက်လေးကိုဆုပ်ကိုင်ကာနှစ်သိမ့်ပေးလာသည်။

My Ugly Boy [Completed]Where stories live. Discover now