Part 17(U+Z)

6.9K 552 28
                                    

~Unicode~

ရိပေါ်တစ်ယောက်ဖန်းအာအဆောင်ရှေ့သို့သွားကာ အဆောင်မှူးအားဖန်းအာကိုခေါ်စေလိုက်သည်။

ဖန်းအာကအောင်နိုင်သူတစ်ယောက်လိုပြုံးရင်းတစ်လှမ်းချင်းစီသူ့ထံလျှောက်လာတဲ့အခါ ရိပေါ်ကမျက်ခုံးတွေကိုတွန့်ချိုးပစ်လိုက်သည်။

"ဖန်းအာ...မင်းဘာအချိုးချိုးတာလဲ....ငါတို့လမ်းခွဲပြီးသားလေ"

"နင့်ဘက်ကသာလမ်းခွဲခဲ့တာပါ....ဘာပဲဖြစ်ဖြစ်နင်ကငါနဲ့မဖြစ်မနေလက်ထပ်ရမယ့်သူပဲ"

ရိပေါ်ဖန်းအာစိတ်ကိုတကယ်နားမလည်နိုင်တော့ပေ...ဖန်းအာကိုစိတ်ဝင်စားတဲ့ယောက်ျားတွေမှဒုနဲ့ဒေး ဖြစ်နေပါလျက်ဘာကြောင့်သူ့ကိုမချစ်ပဲနဲ့တွယ်ကပ်နေရတာလဲ...သူ့အတွေးတွေကိုဖန်းအာကသိသည့်အလားပင်

"ငါနင့်ကိုမချစ်ဘူးရိပေါ်...ဒါပေမယ့်ငါနင့်ကိုသဘောကျတယ်...နင့်ကိုချစ်ဖို့ငါကြိုးစားကြည့်ချင်တယ်...ပြည့်စုံလွန်းတဲ့နင်ကသာ ငါ့ရဲ့အိမ်ထောင်ဦးစီးနေရာနဲ့ထိုက်တန်တယ်"

"ငါကလည်း​ပြန်ပြောလိုက်မယ်ဖန်းအာ...မင်းနဲ့ငါ့ရဲ့စေ့စပ်မင်္ဂလာက ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

ရိပေါ်ဖန်းအာကိုကျောခိုင်းကာထွက်သွားမည်အပြု နောက်ကဖန်းအာရဲ့အော်ပြောလိုက်တဲ့စကားကြောင့် ခြေလှမ်းတွေကိုရပ်တန့်လိုက်မိသည်။

"နင်ငါ့ကို စေ့စပ်ဖို့ငြင်းရင်...ရှောင်းကျန့်ကိုငါဒီတိုင်းထားမှာမဟုတ်ဘူး"

လက်သီးကိုတင်းကနဲဆုပ်လိုက်မိသည်။ဒီကိစ္စကရှောင်ကျန့်နဲ့ဘာများဆိုင်လို့လဲ...

"မဆိုင်ဘူးလို့နင်မတွေးလိုက်နဲ့...သိပ်ကိုဆိုင်တယ်...နင်ငါ့ကိုမရွေးချယ်ရင်အဲ့တာရှောင်းကျန့်ကြောင့်ဆိုတာ ငါသိနေလို့ပဲ"

ရိပေါ်​ဖန်းအာစကားတွေကိုနားမထောင်တော့ပဲ ခြေလှမ်းတွေကိုသာခပ်မြန်မြန်လှမ်းလိုက်တော့သည်။ခုအချိန်မှာဖန်းအာရဲ့စကားတွေကို သူဆက်နားမထောင်ချင်တော့ပါ

ရိပေါ်ကားပါကင်သို့သွားကာ သူ့ရဲ့ပြိုင်ကားအနက်ရောင်လေးပေါ်သို့တက်လိုက်သည်။ထို့နောက်ကားကိုမိုင်ကုန်မောင်းကာကျောင်းဝန်းထဲမှထွက်သွားတော့သည်။
__________________

My Ugly Boy [Completed]Where stories live. Discover now