Part 18(U+Z)

7.1K 564 21
                                    

~Unicode~

ရှောင်းကျန့်ကဝမ်မားနဲ့ဝမ်ပါးကိုရိပေါ်ရဲ့ဆေးရုံကိစ္စတွေမေးတော့ ရိပေါ်ကိုဝမ်အိမ်တော်မှာပဲထားပြီးဆေးဆက်ကုပါမယ်တဲ့လေ...

ရှောင်ကျန့်ကသူ့မျက်ကြည်လွှာကိုပေးဖို့ဝမ်မားကိုပြောခဲ့ပေမယ့်ဝမ်မားကခါးခါးသီးသီးငြင်းဆန်ခဲ့သည်။ရှောင်းကျန့်ကလည်းဝမ်မားရဲ့သားတစ်ယောက်ပဲမို့ဒီကိစ္စကိုလက်မခံပါရစေနဲ့တဲ့လေ...

ဒီရက်တွေအတွင်းမှာရှောင်းကျန့်ကဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်...အဲ့တာကသူဒီနှစ်ကျောင်းဆက်မတက်တော့ဘူး ရိပေါ်ရဲ့အနားမှာပဲပြုစုပေးတော့မယ်လို့ပေါ့...

ရှောင်းမားနဲ့တိုင်ပင်ကြည့်တော့လည်းလက်ခံပေးခဲ့တာမို့သူဒီတစ်နှစ်ကျောင်းနားလိုက်သည်။ဝမ်အိမ်တော်မှာပဲနေကာရိပေါ်ကိုအနီးကပ်ပြုစုစောင့်ရှောက်ပေးမည့်အကြောင်းပြောတော့ ဝမ်ပါးနဲ့ဝမ်းမားကကြည်ဖြူစွာလက်ခံခဲ့သည်။ဒါ့အပြင်ရှောင်းမားကိုပါ ဝမ်အိမ်တော်မှာလာနေစေခဲ့သည်။

ရှောင်းကျန့်တို့သားမိအကြောင်းကိုရပ်ကွက်ထဲကတစ်ချို့ကမဟုတ်မမှန်တွေပြောကြပေမယ့် ရှောင်းကျန့်ဂရုမစိုက်မိပါ

ခုအချိန်မှာတော့ ရှောင်းကျန့်ကရိပေါ်ကိုထမင်းခွံ့ကျွေးနေတာဖြစ်သည်။

"ရိပေါ်...ထပ်စားပါဦး...ပါးစပ်ဟ"

ကြက်သားကြော်လေးများများထည့်ထားတဲ့ထမင်းဆီစမ်းလေးကို ရိပေါ်ကကြိုက်ပုံပေါ်ပါသည်။

ပါးလေးတွေဖောင်းထွက်လာတဲ့အထိဝါးနေတဲ့ရိပေါ်ကသိပ်ကိုချစ်ဖို့ကောင်းပါသည်။

"ရေသောက်ချင်တယ်..."

ရိပေါ်ရဲ့စကားကြောင့်ဘေးနားမှာအသင့်ရှိနေတဲ့ရေခွက်ကလေးကိုယူကာ ရိပေါ်လက်ထဲထည့်ပေးလိုက်သည်။

ရိပေါ်ရေသောက်ပြီးတော့ထမင်းပန်းကန်တွေအားလုံးကိုသိမ်းကာရှောင်းကျန့်အောက်ထပ်သို့သွားပို့ရသည်။

"ငါထမင်းပန်းကန်တွေသွားပို့လိုက်ဦးမယ်နော်"

ရိပေါ်ခေါင်းငြိမ့်ပြတာကြောင့်ရှောင်းကျန့်လည်းအမြန်ပင်အခန်းပြင်သို့ထွက်သွားလိုက်သည်။

My Ugly Boy [Completed]Where stories live. Discover now