Part 13(U+Z)

6.2K 552 14
                                    

~Unicode~

အချိန်တွေသာတစ်ဖြည်းဖြည်းကုန်ဆုံးလို့အထက်တန်းတတိယနှစ်တောင်ကုန်ဆုံးတော့မယ်...စာမေးပွဲကြီးနီးလာတာကြောင့်အားလုံးကကြိုးစားပမ်းစားစာကျက်နေကြရသည်။ဒီစာမေးပွဲကြီးရဲ့ရမှတ်တွေက သူတို့ရဲ့တက္ကသိုလ်နဲ့သက်ဆိုင်နေတယ်မဟုတ်ပါလား

ဘယ်နေရာကြည့်ကြည့် ကျောင်းသားတိုင်းကစာအုပ်လေးတွေကိုယ်စီနှင့်သာ...အဲ့ဒီထဲမှာ ရှောင်းကျန့်က အဆိုးဆုံးပင်...ထမင်းစားရင်တောင်စာအုပ်နဲ့မျက်နှာမခွာတော့...လမ်းလျှောက်ရင်းတောင်စာအုပ်ကလေးနဲ့ဖြစ်လို့နေသည်။

မားကတောင် ရှောင်းကျန့်ကိုနားနားနေနေစာလုပ်ဖို့အမြဲပြောနေရသည်။ဝမ်မားကတော့ရိပေါ်နဲ့အတူguideလာတက်ဖို့ပြောသည်။သို့ပေမယ့်ရှောင်းကျန့်ကတော့လက်မခံခဲ့ပါ....သူ့ရဲ့မရိုးသားတဲ့စိတ်ကြောင့် ဝမ်ရိပေါ်ကိုမျက်နှာချင်းမဆိုင်ရဲတာကြောင့်လည်းပါသည်။

ဝမ်အိမ်တော်ကိုမသွားဖြစ်တာလည်းတော်တော်ပင်ကြာနေပြီဖြစ်သည်။ရှောင်းကျန့်ရဲ့အလွမ်းတွေကိုလည်းစာတွေနဲ့ဖိထားရသည်။ဒါတောင်နေ့တိုင်းကျောင်းမှာရိပေါ်ရဲ့မျက်နှာလေးကိုမြင်ခွင့်ရလို့တော်သေးသည်။

"မားးး သားကျောင်းသွားတော့မယ်နော်"

"အင်းးး ဒီနေ့လည်း လက်ထဲကထမင်းလိပ်ဘူးလေးက ဝမ်လေးအတွက်ပဲလား"

ရှောင်းကျန့်ကမားရဲ့အမေးကြောင့်ခပ်ဖွဖွလေးပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။

"သူက တခြားသရေစာတွေမစားပေ
မယ့် ဒီထမင်းလိပ်တွေတော့ စားတယ်မားရဲ့"

"ဒီထမင်းလိပ်ဘူးလေးတွေကို သားကဒီလိုပဲခိုးပေးနေတော့မှာလား သားရယ်..."

ဟုတ်တယ်...ရှောင်းကျန့်က ရိပေါ်မသိအောင်ထမင်းလိပ်ဘူးလေးတွေကိုရိပေါ်ရဲ့ခုံလေးပေါ်ကိုနေ့တိုင်းသွားထားနေတာ ၁လနီးပါးတောင်ရှိပြီ။ထူးဆန်းစွာပင် မသိတဲ့လူတွေပေးတဲ့ဟာဆိုမစားတတ်တဲ့ရိပေါ်က သူ့ရဲ့ထမင်းလိပ်လေးတွေကိုတော့အားရပါးရစားတတ်သည်။

ရှောင်းကျန့်အနေနဲ့တော့ သူကိုယ်တိုင်လုပ်ထားတဲ့ထမင်းလိပ်လေးတွေကိုရိပေါ်စားတာကိုခိုးကြည့်ရုံလေးနဲ့ပျော်ရပါသည်။ရှောင်းကျန့်က ရိပေါ်အချစ်တွေကိုမမျှော်လင့်တော့ပါဘူး။ရိပေါ်မှာဖန်းအာရှိနေပြီလေ...ခုလိုထမင်းလိပ်ဘူးလေးတွေပေးနေခဲ့တယ်ဆိုတာကလည်း ရိပေါ်ကိုစားစေချင်တဲ့ဆန္ဒလေးတစ်ခုကြောင့်ရယ်သာ

My Ugly Boy [Completed]Where stories live. Discover now