Part 21(U+Z)

7.6K 563 14
                                    

~Unicode~

ဒီနေ့အဖြစ်အပျက်တွေကြောင့် ရှောင်းကျန့်ရိပေါ်ကိုရှောင်ချင်ပေမယ့် ရိပေါ်ကိုပြုစုပေး၊ဂရုစိုက်ပေးနေတဲ့သူမို့ ရှောင်ဖို့ဆိုတာမဖြစ်နိုင်....

ရှက်တာ ကြောက်တာတွေကို ဘေးချိတ်ကာသူချစ်တဲ့ရိပေါ်ကိုဂရုစိုက်ဖို့က ပိုအရေးကြီးတယ်မဟုတ်ပါလားး

ခုချိန်မှာတော့ရှောင်းကျန့်က ရိပေါ်အတွက်အိပ်ရာခင်းတွေလဲပေးကာ အိပ်ရန်ပြင်ပေးနေခြင်းဖြစ်သည်.....အချိန်ကလည်း ည၉နာရီခွဲလောက်ရှိပြီမို့မစောတော့ပေ...

"ရိပေါ်...အိပ်ချိန်ရောက်ပြီနော်"

ရိပေါ်ရဲ့အိပ်ခန်းထဲမှာ ရှောင်းကျန့်အတွက်ပါ ခုတင်တစ်လုံးထည့်ပေးထားတာမို့ အိပ်ရတာအဆင်ပြေပါသည်။

ရိပေါ်ကိုသူ့ခုတင်ပေါ်ကိုသေချာနေရာချကာစောင်လေးခြုံပေးလိုက်သည်။ထို့နောက်ရှောင်းကျန့်လည်းကိုယ့်ခုတင်ကိုသွားရန်ပြင်လိုက်သည်။

"ရှောင်းကျန့်..."

သူ့လက်ကိုအိပ်နေရာမှဆွဲထားတဲ့ရိပေါ်ကြောင့်ရှောင်းကျန့်ပြန်ကြည့်မိသည်။

"ဒီညငါနဲ့ အတူအိပ်ပေးပါလားး"

"ဟို...ဟို...အဲ့တာကလေ"

ရှက်ရွံ့ရွံ့လေးဖြစ်ကာ တဟိုဟိုဖြစ်နေတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်မျက်နှာကိုအတတ်နိုင်ဆုံးငယ်ချပစ်လိုက်သည်။

"အင်းပေါ့လေ...ငါ့လိုမျက်မမြင်တစ်ယောက်နဲ့ဘယ်အိပ်ချင်ပါမလဲ"

ရိပေါ်ရဲ့စကားကြောင့်ရှောင်းကျန့်မှာရှက်တာတွေဘာတွေတောင်မေ့သွားကာပြာပြာသလဲငြင်းဆန်မိသည်။

"ဘာဆိုင်လို့လဲရိပေါ်ရဲ့ မျက်မမြင်လည်းလူပဲလေ...အိပ်မယ်...မင်းနဲ့အတူအိပ်မယ်နော်...ဟုတ်ပြီလား"

ထိုအခါမှပြုံးလာတဲ့ရိပေါ်မျက်နှာကြောင့်ရှောင်းကျန့်စိတ်သက်သာရာရကာသက်ပြင်းချမိသည်။

"အဲ့တာဆို ဒီကိုလာလေ ရှောင်းကျန့်"

ခုတင်ရဲ့အခြားထောင့်လေးတစ်ဖက်ကိုကပ်ပေးပြီး ကျန်လွတ်နေတဲ့သူ့ဘေးနားက တစ်ဖက်ကိုလက်လေးနဲ့ပုတ်ကာသူ့ကိုခေါ်နေတဲ့ရိပေါ်

My Ugly Boy [Completed]Where stories live. Discover now