Part 12(U+Z)

6K 539 18
                                    

~Unicode~

"မားး သားကျောင်းသွားတော့မယ်နော်"

"ထမင်းချိုင့်ရောပါရဲ့လားသားး"

"ဟုတ်ကဲ့မားး သွားပြီနော်...မွ"

ရှောင်းကျန့်တစ်ယောက်မားရဲ့ပါးလေးကိုနမ်းကာကျောင်းသို့ထွက်သွားတော့သည်။

သူကျောင်းနားနေတာ၂ရက်ရှိပြီမို့ စာတွေလည်းပြန်လိုက်ရပါဦးမယ်...ဒါပေမယ့်သူကစာတော်တဲ့ကျောင်းသားမို့သိပ်တော့ခက်ခဲမည်မဟုတ်ပေ....

ကျောင်းသို့ရောက်သည်နှင့်အုပ်စုဖွဲ့ကာတိုးတိုး တိုးတိုးနှင့်ပြောနေကြတဲ့မိန်းကလေးအုပ်စုများကိုတွေ့လိုက်ရသည်။ကျောင်းမှာထူးခြားတဲ့သတင်းတွေဘာတွေများရှိလို့လားပဲ...

ရှောင်းကျန့်လည်းကိုယ်သွားရမယ့်အခန်းကိုသာတည့်တည့်မတ်မတ်သွားလိုက်သည်။

အတန်းထဲရောက်တော့ ရှောင်းကျန့်သူ့ခုံလေးကိုသွားကာ ကျောပိုးအိတ်လေးချွတ်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။

ဖန်းအာရဲ့ခုံရှေ့မှာမတ်တပ်ရပ်ကာ ဖန်းအာနဲ့ရီမောပြီးစကားတွေပြောနေတဲ့ရိပေါ်အားတွေ့လိုက်ရသည်။

ရှောင်းကျန့်လည်းအသက်ပြင်းပြင်းတစ်ချက်ရှူကာရိပေါ်နားသို့သွားလိုက်သည်။

"ရိပေါ်....ငါမင်းကိုပြောစရာရှိတယ်... ဟို...ခေါင်မိုးထပ်ကိုခနလောက်သွားရအောင်"

"အင်းး ငါလည်းမင်းကိုပြောစရာရှိတယ်ရှောင်းကျန့်"

ရိပေါ်ကဖန်းအာကိုတစ်ချက်ပြုံးပြကာအခန်းထဲမှအရင်ထွက်သွားတော့သည်။ရှောင်းကျန့်ကတော့ရိပေါ်နောက်ကအမြန်ပြေးလိုက်သွားရသည်။

ခေါင်မိုးထပ်ကိုရောက်တော့နှစ်ယောက်သားဘာစကားမှမပြောသေးပဲမတ်တပ်ရပ်နေကြသည်။

လေတွေတဖြူးဖြူးတိုက်နေတာ
ကြောင့် ဆံပင်လေးတွေဟာလေထဲမှာပျံ့လွင့်လို့နေသည်။

ဘေးချင်းယှဥ်ရပ်နေတဲ့ရိပေါ်ကိုရှောင်းကျန့်ခေါင်းလေးစောင်းကာကြည့်လိုက်သည်။

"ရိပေါ်...တကယ်တော့...ငါ...ငါလေ... မင်းကို..."

"ငါဖန်းအာနဲ့တွဲနေပြီ ရှောင်းကျန့်..."

My Ugly Boy [Completed]حيث تعيش القصص. اكتشف الآن