"You're my shooting star.... "
အိပ်ချင်မူးတူး ဖြစ်နေပေမယ့် ကလေးငယ် မနိုးသေးဘူးဆိုတဲ့ အသိကြောင့် ဖုန်းကို မျက်လုံးပိတ်လျှက် လိုက်စမ်းရင်း ခပ်မြန်မြန်ကိုင်လိုက်ရ၏။ဘယ်သူဘယ်ဝါဆိုတာလည်း မကြည့်အား...။
"Hello "
"Bright Vachirawit "
"ခင်ဗျာ "
"အစည်းအဝေးရှိတယ်လေ ဘာလုပ်နေတာလဲဟ အချိန်ကိုကြည့်အုံး "
အသံပါဝါအားကောင်းချက်က စပီကာပိတ်ထားတာကြောင့် အပြင်ကို လျှံထွက်လာ၏။
"ဟင် Panly "
"အေး ငါ ငါ "
"ဖြေးဖြေးပြောစမ်းပါဟ ငါ့Babe လေး နိုးသွားအုံးမယ် "
မသိရင် ဘေးနားကပ်အော်နေကျလို့ အဖြစ်သည်းလွန်းနေတာ။
"အမလေး အချိန်ကိုကြည့်အုံး အစည်းအဝေးမမှီရင် ငါ နင့်အလုပ်တွေ ပြောင်းပြန် လှန်ပစ်မှာ "
"နည်းနည်းလောက် ကြည့်လုပ်ထားစမ်းပါ ငါ Babe ကို ဂရုစိုက်ပေးရအုံးမယ် "
"သြော် "
Panly ဆက်မပြောခင် ဖုန်းကို ချပြီး အသံပါပိတ်ပစ်လိုက်၏။ရင်ခွင်ထဲက လွင်ပြင်လေးကတော့ ညက အရှိန်နဲ့ အိပ်မောကျနေတုန်း။ရင်ခွင်ထဲက ကလေးငယ်ကို အသာအယာထုတ်ကာ နဖူးပေါ် အနမ်းဖွဖွလေး ခြွေရင်း ထလာခဲ့လိုက်၏။မနက်ခင်း ဆေးတိုက်ဖို့အတွက် တစ်ခုခု ကျွေးမှ ရမှာကြောင့် မီးဖိုခန်းထဲ ဝင်လာခဲ့လိုက်၏။ရေခဲသေတ္တာကို ဖွင့်ပြီး တစ်ခုပြီးတစ်ခု ဘာရှိလည်း ကြည့်နေပေမယ့် နောက်ဆုံး သူသတိရသွားတာက သူ ဘာမှမချက်တတ်ဘူး ဆိုတာပါဘဲ။
"နည်းနည်းပါးပါး ဟင်းချက်နည်းလေး လေ့လာခဲ့ရမှာ အားနေတုန်းက ဘာလုပ်နေလည်း မသိဘူး "
အရာရာတတ်မြောက်ချင်သူမို့ တစ်ခုခုလိုအပ်ချက်ရှိလာရင် ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်လာတတ်၏။
"နေပါအုံး ဒီလိုအချိန်က အစာမာမာတွေ စားလို့မရဘူး ဆိုတော့ ဆန်ပြုတ်ဘဲ ပြုတ်တိုက်ရမလား အဲ့ဒါလည်း မလုပ်တတ်ဘူး "
နောက်ဆုံးတော့ အဆူအဆဲခံပြီး Panly ကို လှမ်းမေးရတာပါဘဲ..သူကလည်း ပြောပြရှာပါတယ်....youtube ကနေ ရှာကြည့်လိုက်တဲ့...မေ့သွားတယ် Panly က စားသောက်ဆိုင်သာ ဖွင့်ထားတာ သူလည်း ဘာမှမချက်တတ်ဘူးလေ....။စားဖို့ဘဲ တတ်တာ...။Panly ကို မေတ္တာပို့ရင်း မီးဖိုခန်းထဲ ဘာရှိမလဲ ထပ်ရှာကြည့်တော့ ကံကောင်းထောက်မစွာဖြင့် အသင့်စားဆန်ပြုတ်ထုပ်တွေကို တွေ့လိုက်ရတာကြောင့် ထခုန်မိမတတ် ဝမ်းသာသွားရ၏။အညွှန်းကဖတ်ရင်း အညွှန်းထဲကအတိုင်း လိုက်လုပ်ထားပေမယ့် တော်တော်နဲ့ ရေဆူမလာတာကြောင့် ကြည့်လိုက်တော့ မီးမဖွင့်ထားမိတာ..။

YOU ARE READING
Falling In Love (Completed)
FanfictionPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...