Part-26

1K 56 13
                                    

"ကိုကိုရေ Phi Panly က တကယ်ကြီးလား "

အခန်းပေါက်ဝကနေ သူ့ကိုလှမ်းမေးနေတဲ့ လွင်ပြင်ငယ်လေး။

"အဟင်း လာပါအုံး ကိုကို့ဆီ "

အံ့သြပြီး ပါးစပ်လေးဟ မျက်လုံးအဝိုင်းသားလေး ဖြစ်နေတဲ့ပုံက ချစ်စရာအတိ။လွင်ပြင်ငယ်လေးဟာ ဘယ်အချိန် ကြည့်ကြည့် အူယားစရာလေးပါဘဲ။သူ့ပေါင်ပေါ်ကို ဆွချကာ ထိုင်ခိုင်းလိုက်ပြီး ခုံလေးတစ်ခုပေါ်မှာ နှစ်ယောက်သား ကျပ်ကျပ်သိပ်သိပ်။

"သတင်းတွေ တွေ့တယ်မှတ်လား Babe ရဲ့... ဒယ်ဒီတောင် ကိုကို့ဆီ ဖုန်းတွေ ဆက်နေပြီ "

"Phi Panly တို့ အဆင်ရော ပြေရဲ့လား မသိဘူးနော် "

"Panly က တော်ပါတယ် သူအဆင်ပြေအောင် လုပ်နိုင်မှာပါ "

လွင်ပြင်ငယ်လေးဟာ စိတ်ထားနူးနူးညံ့ညံ့မို့ ချက်ချင်းဆိုသလို တွေးပူတတ်သေး၏။

"ဘာတွေပြောလဲ ဖတ်ကြည့်ကြရအောင် "

ပေါင်ပေါ်မှာ ထိုင်ရက်သားလေးနဲ့ ဖုန်းကို ဖွင့်ကြည့်တော့ Panly ဘက်က စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းတဲ့သတင်းက ပလူပျံနေပြီ။Panly တစ်ယောက် သူ့အချစ်လေး Love ကို မ သွားတာတော့ ဘယ်သူမှ သိသေးပုံမပေါ်။Panly ကတော့ ပြောသွားတာဘဲ မင်္ဂလာဆောင်ပြီးမှ ပြန်လာမယ်တဲ့...မင်္ဂလာဆောင်လည်း ဖိတ်လိုက်မယ်ဆိုဘဲ။သူငယ်ချင်းမရဲ့ လုပ်ချသွားပုံကိုတော့ Bright တို့ အံ့သြပြီးရင်း အံ့သြနေရ၏။တကယ့်ကို လုပ်ရဲကိုင်ရဲဘဲ။

"Fan တွေက ကိုကို့ကို သနားနေကြပြီ "

"Fan တွေ သနားလည်း ကိုကိုတို့က ပေါ်ပေါ်ထင်ထင် တွဲနေခဲ့တာမှ မရှိတာ စေ့စပ်ထားတာတောင် ကောလဟာလလိုဘဲလေ Babe ရဲ့ "

"အဲ့ဒါလည်း ဟုတ်တယ်နော် "

"သူ အဲ့လိုလုပ်တော့လည်း ကိုကို့အတွက် ဖြေရှင်းစရာ တစ်ခု လျော့တာပေါ့ Panly ကလေ တကယ့်သူငယ်ချင်းကောင်းဘဲ"

"ကိုကိုတို့ relationship ကို အားကျတယ် သိလား "

"အဟွန်း သူများကို အားမကျပါနဲ့ Babe မှာ ကိုကိုတစ်ယောက်လုံး ရှိတယ်လေ "

"ဟုတ်တာပေါ့ ကိုကိုက Babe အပိုင်"

"သေချာတာပေါ့ "

Falling In Love (Completed)Tempat cerita menjadi hidup. Temukan sekarang