Part-8

1.2K 80 9
                                    

Universe တွေ အထူးဖိတ်ကြားခံရမှုနဲ့အတူ မြို့တော်ဝန်ရဲ့ ပါတီပွဲကို ရောက်နေကြတာ ဖြစ်၏။members တွေ အကုန်လုံးကို အပြာရောင်ဖဲသားအပေါ်မှာမှ  ပြောင်ပြောင်လက်လက်လေးတွေပါတဲ့ ဒီဇိုင်းကို ဂျင်းအနက်ရောင်အကျပ်နဲ့ ပုံစံကွဲလေးတွေ ဆင်ပေးထားတာ.. colour စုံတွေ မီးရောင်တွေကြားမှာ အရှိန်အဝါတွေက ထင်ထင်ရှားရှား.. ကြည့်လိုက်တာနဲ့ Expensive Men တွေမှန်း သိသာနေစေတာ...Universe အနေနဲ့ ပွဲဦးထွက်တာ မကြာသေးပေမယ့် အောင်မြင်တဲ့ မျက်နှာသစ် idol တွေ ဖြစ်နေတာကြောင့်ရော ထိုင်းနိုင်ငံရဲ့ စီးပွားရေး စျေးကွက်ကို မြှင့်တင်ပေးနိုင်တဲ့ idol တွေ ဖြစ်နေတာရောကြောင့် ဒီလိုပါတီ ပွဲတွေကို မကြာခဏ အဖိတ်ခံရလေ့ရှိ၏။သာမန်ပွဲတွေဆို တက်လေ့မရှိပေမယ့် မြို့တော်ဝန်ရဲ့ ပွဲ ဖြစ်နေတာကြောင့် သူတို့မှာ မငြင်းသာ...concert က နီးနေပြီ ဖြစ်တာကြောင့် အစစအရာရာလည်း သတိထားနေရ၏။Aliens တွေရှေ့ အားသွန်ခွန်စိုက် ဖျော်ဖြေနိုင်ဖို့က သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဘဲလေ...concert နားနီးတာကြောင့် လေ့ကျင့်တာကလွဲရင် အကုန်လုံးကို နားနားနေနေ နေစေပြီး Condo မှာ Winကို ထမင်းဟင်းတောင် မချက်စေတော့...။

"Universe တွေ ထင်တယ် ဆာဝါဒီခပ်.."

"ဆာဝါဒီခပ်..."

"ဒီမှာ ထိုင်လို့ရမလားဗျ...."

5ယောက်သား အေးအေးဆေးဆေးလေး ထိုင်နေရာမှ တစ်စုံတစ်ယောက်က လာမိတ်ဆက်တာကြောင့် အကုန်လုံး ပြိုင်တူ လှည့်ကြည့်ရင်း ထိုင်ဖို့နေရာ ပေးလိုက်မိ၏။ထိုသူက Dew နဲ့ Win ရဲ့ ကြားက ခုံမှာ ဝင်ထိုင်ရင်း...

"ကိုယ်က Linnပါ မြို့တော်ဝန်ရဲ့ တူပါဗျ..."

"ဟုတ်ကဲ့..."

"ဘာများလိုအပ်သေးလဲ မသိဘူး..."

"အာ ဘာမှမလိုပါဘူး...အားလုံး အဆင်ပြေပါတယ်..." ထိုသူက Dew ဘက်ကို လှည့်ကာ ပြောတာကြောင့် Dew ကဘဲ ဖြေပေးလိုက်၏။ထိုသူက Win ဘက်ကို လှည့်ကာ...

"ဒီက Win ရော ဘာလိုသေးလည်းဗျ..."

"ဟင်...အာ..ဘာမှမလိုပါဘူး..အားလုံး အဆင်ပြေပါတယ်..."

"ကျွန်တော်က Winရဲ့ Fanပါ...အပြင်မှာ တွေ့ဖူးချင်တာ ကြာပြီ တော်တော်လှတာဘဲ..."

Falling In Love (Completed)Tempat cerita menjadi hidup. Temukan sekarang