"ပြောပြ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ အကုန်ပြောပြ "
ရင်ခွင်ထဲက ကလေးငယ်က ငိုချင်နေတာကို ကြိတ်မှတ်ခံစားနေရသည့်ဟန်။ ဒါမှမဟုတ် ခံစားရတာတွေ များပြီး မငိုနိုင်တော့တာဘဲလား မပြောတတ်။Bright လည်း ကိုယ်လုံးလေးကို ပွေ့ချီယူလိုက်ပြီး ကလေးငယ်လေးသဖွယ် ပွေ့ဖက်ထားလိုက်၏။တစ်ခြားအရာတွေက မစစ်မှန်ရင်တောင် ကိုယ့်ရင်ခုန်သံတွေက စစ်မှန်တာမို့ ကိုယ့်ရင်ခုန်သံတွေကို နားထောင်ပေး ကလေးငယ်။ မင်းအတွက် စိတ်သက်သာရစေမယ့် နှလုံးသားသံစဥ်တွေ ဖြစ်ခွင့်ရပါစေ။
"အင်း ကိုကိုပြောပြမယ်!
ပါးပြင်လေးကို လက်ဖြင့် ဖြေးဖြေးလေး ပွတ်ပေးကာ သူ့စကားတွေ ဆက်တော့ ငြိမ်ငြိမ်လေး နားထောင်နေ၏။ ကျန်တဲ့ member တွေကလည်း စိတ်ဝင်တစား။
မနေ့ညက....
အစီအစဥ်တွေ သေချာဆွဲပြီး အလုပ်ကိစ္စတွေရော၊ Panly တို့ဆီ လှမ်းပြောတာတွေရောကြောင့် Bright မှာ တော်တော်နဲ့ မနားရ။ Production company ဖြစ်တာကြောင့် ပွဲဦးထွက် ရုပ်ရှင်ထုတ်လုပ်ဖို့အတွက် သရုပ်ဆောင်အသစ် ရွေးချယ်ပွဲတွေ လုပ်နေတာဖြစ်၏။စောင့်ကြည့်ခံနေရတဲ့ ဘဝမို့ ယုံကြည်စိတ်ချရတဲ့ CEO နဲ့ဘဲ လွှတ်ထားရတာ ဖြစ်၏။အဲ့ company ရဲ့ ဥက္ကဋ္ဌဟာ Bright ဆိုတာ သူ့အဖွဲ့က လွဲပြီး ဘယ်သူမှ မသိ။Babe တို့ Panly တို့တော့ သိ၏။ပင်ပန်းနေတာကြောင့် ညစာမစားတော့ဘဲ ဝိုင်နီပုလင်းကို ယူကာ အခန်းပေါ်တက်ဖို့လုပ်တော့ သူ့ရှေ့ပိတ်ရပ်လာတဲ့ Shinn ။
"ဘာပြောစရာရှိလို့လဲ "
"ဟို Shinn ပြင်ပြီး လာပို့ပေးလိုက်မယ်လေ ရေမိုးချိုးလိုက်ပါအုံး Phi Bright က! "
Bright က ဘာမှမပြောဘဲ ဝိုင်ပုလင်းကို လက်ထဲ ထိုးထည့်ကာ အပေါ်ထပ်အိပ်ခန်းဆီသို့ တက်လာခဲ့လိုက်၏။ရေချိုးခန်းထဲ ဝင်ကာ ရေချိုးပစ်လိုက်ရင်း မနက်ဖြန် rehearsal နေ့အတွက် ရင်ခုန်နေမိ၏။ရေချိုးပြီးတော့ တဘက်တစ်ထည်ကို ခါးမှာပတ်ရင်း ဆံပင်တွေကို ခြောက်အောင် သုတ်ကာ အပြင်ဘက်က မြင်နေရတဲ့ မြင်ကွင်းကို ငေးကြည့်နေမိ၏။ဒီအချိန်ဆို Babe အိပ်နေလောက်မလား။သွားတွေ့ချင်လိုက်တာလို့ စိတ်ထဲ တွေးနေတုန်း တံခါးဖွင့်ကာ ဝင်လာသူက Shinn။
YOU ARE READING
Falling In Love (Completed)
FanfictionPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...