"Babe!"
"ကိုကို "
"အခုမှဘဲ မျက်နှာလေး သေချာကြည့်ရတော့တယ် ကလေးရယ် "
Shinn ရောက်လာပြီးထဲက leader ကြီး သွားလေရာကို CEO က လိုက်ခိုင်းလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ လိုက်နေတော့ Babe နဲ့ လွတ်လွတ်လပ်လပ်ကို တွေ့ခွင့်မရ။အဲ့ဒါအပြင်ကို ဆုပေးပွဲသွားဖို့ လေဆိပ်ဆင်းတော့လည်း လေယာဥ်ချိန်တွေက မတူတော့ဘဲ DewNani ရယ် Win ရယ်က သပ်သပ်တစ်ချိန်သွားရပြီး Phi First နဲ့ leader ကြီးက သပ်သပ် ဖြစ်သွား၏။အတူတူမဟုတ်ဘဲ တကွဲတပြားတွေ ဖြစ်နေလို့ Dew ကပြောတော့ ကုမ္ပဏီက စီစဥ်တာတဲ့လေ။
"အပြန် ကိုကိုနဲ့ ပြန်မယ် Panly ဆီလည်း လက်ဆောင်ဘဲ ပို့လို့ရတော့မယ် သွားလို့ အဆင်မပြေတော့ဘူး "
"အခု ဖျော်ဖြေဖို့ဘဲ အာရုံစိုက်ပါအုံး ကိုကိုရယ် ဘာလို့အများကြီး လိုက်စဥ်းစားနေတာလဲ "
"အင်း...လာပါအုံး ဝအောင်ဖက်ပါရစေအုံး...."
camera တွေက နေရာတကာဘဲမို့ အနေအထိုင် ဆင်ခြင်ရတဲ့အပြင် အနီးကပ်စောင့်ကြည့်နေတဲ့သူ ရှိတာကြောင့် တွေ့ချင်တိုင်း မတွေ့ရ။အခုလည်း သီးသန့်ပေးထားတဲ့ အဝတ်လဲခန်းထဲမှာ လာတွေ့နေရတဲ့ အဖြစ်။နာရီဝက်လောက် အချိန်ရလည်း နာရီဝက်လောက် ချစ်သူ့မျက်နှာကို ကြည့်ချင်ကြတာဘဲ။စကားတစ်ခွန်းမှ မဆိုမိဘဲ ရင်ခွင်ထဲ ဆွဲသွင်းထားကာ မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်နေမိ၏။ကြယ်တွေ ထည့်ဖွက်ထားတဲ့ မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်တော့ ဘယ်သူက ခံနိုင်ရည်မရှိမလဲ။မျက်လုံးလေးပေါ်ကို အနမ်းဖွဖွလေး ကျရောက်တော့ မျက်လုံးလေးမှေးမှိတ်သွား၏။မျက်ခွံလေးတွေ နားထင်စပ်လေးတွေကို ဖွဖွလေး အနမ်းတွေ ခြွေမိ၏။တစ်ခါတစ်လေ မြတ်နိုးလွန်းလို့ အနမ်းတွေ ကြမ်းရင်တောင် ပဲ့ကျသွားမှာ စိုးရိမ်မိသေး၏။သိုပေမယ့်လည်း ကလေးငယ်ကို နမ်းမိရင် မရပ်နိုင်တော့တာကတော့ ချွင်းချက်ဘဲ။
"တော်ပြီ ကိုကို "
"ခဏဘဲ "
"မိတ်ကပ်တွေ ပြန်လိမ်းနေရအုံးမယ်လို့ "
စင်ပေါ်တက်ရန် ပြင်ဆင်ထားပြီး ဖြစ်တာကြောင့် အဝတ်အစားလဲရန်သာ ကျန်တော့၏။အကုန်လုံးကိုက Gucci ကနေ sponsor ပေးထားတဲ့ အဝတ်အစားတွေ ဝတ်ပေးရမှာ ဖြစ်၏။

YOU ARE READING
Falling In Love (Completed)
FanfictionPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...