Part-25

1.1K 63 8
                                    

"Babe ဘယ်မှာလဲ "

"Phi Nani ကျွန်တော်မေးနေတယ် ကလေးငယ် ဘယ်မှာလဲ "
ရင်တွေလည်း ပူလောင်လှပြီ...တစ်ညလုံး သူ့လူတွေပါ သုံးပြီး လိုက်ရှာထားရတာ...ရှာမတွေ့တော့တဲ့အဆုံး condo ကို ပြန်လာခဲ့တာ...။

"မပြောပြဘူး "

"ကျွန်တော် တစ်ညလုံးရှာနေတာ ဘယ်လောက်တောင် စိတ်ပူနေလည်း သိလား !!!.."

စိတ်အပူလွန်နေပြီမို့ ကြီးတာ ငယ်တာ မသိတော့ဘဲ Phi Naniကို အော်ချလိုက်မိ၏။

"Leader ကြီးက အခုမှ စိတ်ပူဖို့ သိတာ ကလေးငယ်လေးက ညတိုင်း ဒီနေရာမှာ မင်း ပြန်မလာမချင်း ထိုင်စောင့်နေတာ "

"..."

ဧည့်ခန်းဆိုဖာကို ပုတ်ပြီးပြောတော့ Bright ရင်ထဲ နင့်ခနဲ။

"ဟုတ်တယ် Phi Bright...အလုပ်များတာလည်း များတာပေါ့ Phi Win က နဂိုထဲက တစ်ခုခုဆို မျိုသိပ်ပြီး စိတ်မကောင်း ဖြစ်တတ်တဲ့သူ...Phi လုပ်ပုံတွေ ဟုတ်လို့လား..."

Phi Nani နဲ့ Dew က ပြောတော့ Bright မှာ ပြောစရာစကာလုံးတွေ ပျောက်ရှသွား၏။သူ့လုပ်ပုံတွေ မဟုတ်လို့ ကျန်တဲ့ member တွေစုပြီး ကလေးငယ်ကို သူနဲ့ ပေးမတွေ့ဘဲ ဖွက် ထားကြတာလား... သူအလုပ်တွေကိုဘဲ ဖိလုပ်နေမိပြီး ကလေးငယ်ကို ဂရုမစိုက်မိတာ...Babe လေးမှာ ညတိုင်း သူပြန်အလာကို ထိုင်စောင့်နေတယ်တဲ့...ကိုယ်မရှိလည်း ဒီအတိုင်း member တွေနဲ့ ပျော်ပျော်နေနေမယ်လို့ ထင်ထားတာ...မူးပြီးလမ်းခွဲစကားပြောထဲက စိတ်အခြေအနေ အတိမ်အနက်ကို သူသဘောပေါက်ခဲ့သင့်တာ...။

"ကျွန်တော်တောင်းပန်ပါတယ်...Babe ဘယ်မှာ ရှိနေလည်း ပြောပြပေးပါ..."

"Leader ရဲ့ အောင်မြင်ချင်တဲ့ စိတ်ကို နားလည်ပါတယ်.. ဒါပေမယ့်ဗျာ ကိုယ့်ချစ်သူကိုတော့ ပစ်မထားနဲ့အုံးပေါ့.. ကျွန်တော်တို့ ကလေးဆန်တာ မဟုတ်ပေမယ့် leader ကြီး နောက်တစ်ခါဆို မှတ်မိသွားအောင်လို့ "

"အဟင်း...နောက်မဖြစ်စေရတော့ပါဘူး "

"နောက်တစ်ခါဆို Winne လေး leader ကြီးကြောင့် ငိုရရင် Leader ကြီးတို့နှစ်ယောက်ကို ခွဲတဲ့ သူတွေက ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖြစ်လိမ့်မယ် "

Falling In Love (Completed)Où les histoires vivent. Découvrez maintenant