Leader ကြီးရဲ့ ကျေးဇူးဖြင့် Win ခြေထောက်က နောက်တစ်နေ့မှာ ပြန်ကောင်းသွားပေမယ့် အနည်းငယ်တော့ နာနေသေး၏။ခြေထောက်နာနေတဲ့ သူ့ကို မအားတဲ့ ကြားထဲက member တွေက တစ်ယောက်တစ်လှည့်စီ ဂရုစိုက်ပေးကြ၏။ငြိမ်ငြိမ်လေးနေရတာကို ကြိုက်ပေမယ့် အခုလို ဒဏ်ရာနဲ့တော့ ငြိမ်ငြိမ်လေး မနေချင်။member တွေ အက လေ့ကျင့်ရေးအခန်းသွားကြတာမို့ Condo မှာ Win တစ်ယောက်ဘဲ ကျန်ခဲ့ပြီး TV ကြည့်လိုက် မုန့်စားလိုက် လုပ်နေရ၏။
"အင်း...Aliens တွေနဲ့ စကားပြောရင် ကောင်းမလား..."
"ဒီအချိန်ကြီးပြောရင် ထူးဆန်းနေမယ် ထင်တယ်..."
ဆိုဖာပေါ်လှဲနေရင်းက ဖုန်းကိုင်ကာ တစ်ယောက်တည်း တွေးတောနေမိ၏။စကားပြောလို့ကောင်းတဲ့အချိန်မဟုတ်တာကြောင့် TV ကနေ သူတို့သီချင်းတွေဘဲ ဖွင့်နားထောင်ရင်း လိုက်ဆိုနေမိ၏။အခုအချိန်မှာ သတိရမိတာ အမေ။ သူ့ကို ဘယ်လိုဘဲ လုပ်သွားအုံးတော့ ငယ်စဥ်ကတည်းက ကျွေးမွေးစောင့်ရှောက်ခဲ့တာ ဖြစ်၏။ပင်ကိုယ်စိတ်ကိုက အေးချမ်းတဲ့ သူမို့ အမေဖြစ်သူနဲ့ ပြေပြေလည်လည် ပြန် ဖြစ်ချင်ပေမယ့် အမေ့ဘက်က သူ့ကို တစ်ချက်လေးတောင် မဆက်သွယ်လာ...။ဝမ်းနည်းလွယ်သူမို့ တွေးတာနဲ့တင် ဝမ်းနည်းလာပြီး မျက်ရည်တွေ ကျလာ၏။
"ဟင့်...ရွှတ်..."
"ဘာဖြစ်လို့လဲ ခြေထောက်နာလို့လား..."
"ဟင်...Leader ကြီး..ဘယ်တုန်းက ပြန်ရောက်တာလဲ..."
"အင်း..အခုလေးဘဲ...မင်း ငိုနေတာ တွေ့လို့..."
Leader ကြီးက ဒီနေ့မှ စိတ်ကောင်းဝင်နေသည် ထင်၏။စကားလုံးတွေ နူးနူးညံ့ညံ့နဲ့ သူ့ကို စိတ်ရှည်လက်ရှည် ပြောနေသေး၏။Win အနေနဲ့ အိမ်မက်မက်နေသလို့...။
"ပြော...ဘာလို့ ငိုနေတာလဲ..."
ပြောရင်း ခြေထောက်လေးကို ဖွဖွလေးလာ ကိုင်ကြည့်နေ၏။သေချာတယ်...ဒါအိမ်မက်မက်နေတာ...Leader ကြီးဆို ဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး...ငါ ငိုရင်းနဲ့များ အိပ်ပျော်သွားသလား...။
"အိမ်မက် မက်နေတာလားဟ...."
"ဟား..."
သူတစ်ချက်ရယ်ရင်း Win ရဲ့ ပါးပြင်တစ်ဖက်ကို လက်ဖြင့် အသာလေး ညှစ်ဆွဲ၏။

BINABASA MO ANG
Falling In Love (Completed)
FanfictionPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...