စိတ်ကောက်နေပါ၏။အသံတိတ်နဲ့ တစ်မျိုး၊ အသံကျယ်ကျယ်ဖြင့် တစ်မျိုး စိတ်ကောက်ပြ၏။ သွားခေါ်ရင် စကားပြန်မပြောဘဲ ကောက်နေကြောင်းကို ပြ၏။ Win metawin တို့ စိတ်ကောက်တာ နှုတ်ခမ်းက တွေ့ရာလူ သွားထိုးမိတော့မတတ်။ အကြောင်းအရင်းက leader ကြီးက သူ့ကို မယုံလို့ပါတဲ့...leader ကြီးခင်ဗျာမှာလည်း သူ့စကားမှားသွားကြောင်းကို နည်းမျိုးစုံဖြင့် ချော့မော့နေသော်လည်း အေးချမ်းတဲ့ အပြာနုရောင် လွင်ပြင်လေးက စိတ်ကောက်မပြေ။ ကြာတော့ ကြားထဲက Dew တို့ကပါ leader ကြီးကို သနားလာတော့၏။
"Phi Win ကျွန်တော့ Blog ထဲမှာ Phi Win နှုတ်ခမ်းစူနေတဲ့ ပုံတွေချည်းဘဲနော်..."
"ဟုတ်လား ဘယ်မှာလည်းပြ..."
"အကုန်လုံး Delete လုပ်ပလိုက်ပြီ...."
"Delete လုပ်လည်း ရအောင် ပြန်ဆယ် "
"ဟမ် "
Leader ကြီးက လှမ်းပြောရင်း အနားရောက်လာတော့ ချက်ချင်း နှုတ်ခမ်းစူကာ တစ်ခြားဘက် လှည့်သွားပြန်၏။
"ကြားလား Dew အဲ့ကောင်လေး နှုတ်ခမ်းစူနေတဲ့ပုံတွေ Phi လိုချင်လို့ ရအောင် ပြန်လုပ်ပေးနော်..."
"Kha Phi Bright..."
"Ok "
Leader ကြီး ထွက်သွားတာနဲ့ Dew နားပြေးလာပြီး ပုံတွေ မပေးလိုက်ဖို့ တတွတ်တွတ်လာပြောနေတော့၏။
"ဟုတ်ပြီ မပေးတော့ဘူး Leader ကို အဲ့ဒီအစား ကတိတစ်ခုပေးရမယ်..."
"ဘာကတိလဲ..."
"Phi Nani ကို စောင့်ရှောက်ပေး...ကျွန်တော် စိတ်ချချင်တယ်..."
"Phi Nani က ငါ့အတွက် အစ်ကိုအရင်းလိုပါဘဲ စိတ်ချပါ..."
"ကျေးဇူးဘဲ Phi...နှစ်ယောက်သား အရမ်းလည်း ကဲမနေကြနဲ့ ကျွန်တော်လည်း Phi Nani ကို ပြောမနိုင်လို့ လွှတ်ထားလိုက်ပြီ..."
"အခြေအနေ တိုးတက်လာပြီလား..."
"ဘယ်လိုလုပ် တိုးတက်မလဲ Phi ရာ...သူ့ကို ဂရုစိုက်ပေးချင်တာ...သူ့ကို ဂရုစိုက်ပေးရင် မကြိုက်ဘူး..."
"ဘယ်လိုကြီးလဲ..."
"အဲ့လိုဘဲ ကျွန်တော် တစ်ခါတစ်ခါ နားမလည်ဘူး..."
![](https://img.wattpad.com/cover/306068818-288-k522996.jpg)
KAMU SEDANG MEMBACA
Falling In Love (Completed)
Fiksi PenggemarPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...