Extra(2)

1K 54 6
                                    

အပန်းဖြေစခန်းထဲ ကားရပ်လိုက်တာနဲ့ လာရောက်ကြိုဆိုကြတဲ့ ဝန်ထမ်းတွေ။ သူတို့သူဌေးက တစ်နှစ်မှ တစ်ခါတောင် ပေါ်မလာတာမို့ ရောက်လာတဲ့အချိန်မှာလည်း ပျာပျာသလဲဖြင့် ကြိုဆိုကာ အံ့သြနေကြ၏။ဒါအပြင် Universe အဖွဲ့လိုက်ကြီး။

"ကြွပါ Boss ကျွန်တော်တို့ အခန်းတွေ ပြင်ထားပြီးပါပြီ "

"အင်း "

"လိုအပ်တာတွေလည်း ပြောပါ Boss "

"အင်း မနက်ကျမှ သေချာတွေ့ကြတာပေါ့ ကျွန်တော့်Babe ခရီးပန်းလာလို့ အနားယူလိုက်အုံးမယ် "

"ဒီညအတွက်လည်း ပြင်ထားပေးပါမယ် Boss "

"Ok "

"ကဲ အားလုံး မနက်ကျ တွေ့မယ် နားလိုက်ကြအုံး! "

အပန်းဖြေစခန်းထဲ ရောက်တဲ့အချိန်က မှောင်ရီပျိုးစအချိန် ဖြစ်နေပြီ။လည်ပတ်ကြည့်ရူ့လို့ကောင်းတဲ့အချိန်လည်း မဟုတ်တော့ ဒီတစ်ညတော့ အခန်းကိုယ်စီ အတွဲကိုယ်စီနဲ့ အနားယူလိုက်ဖို့ဘဲ တွေး၏။

"အသက် ရေချိုးအုံးမလား "

"ချိုးမယ်လေ ကားစီးထားရတာ ညီးစီစီကြီး ဖြစ်နေလို့ "

"အွန်း မောင်ပြင်ပေးမယ်နော် "

"အင်း! "

ရေချိုးခန်းထဲ အပေါ်ပိုင်းဗလာနဲ့ ဝင်သွားတဲ့ မောင့်ကို Nani ပြုံးပြီး ကြည့်မိ၏။ဒီလိုဆိုတော့လည်း မောင်နဲ့ Nani ကြားက နွေးထွေးတဲ့ အငွေ့အသက်တွေက ရှိနေဆဲပါဘဲလို့ တွေးမိတော့ ရှက်ပြုံးလေး ဖြစ်ထွန်းလာ၏။

"တကယ်လို့ သူ စိတ်ကုန်သွားတယ်ဆိုရင်တောင် ကိုယ့်ဆီ စိတ်ပါလာအောင် ပြန်ဆွဲဆောင်ပစ် " ဆိုတဲ့ Winne ရဲ့ အကြုံပြုချက်ကို ပြန်ကြားယောင်လာတော့ ပါးလေးတွေ နီတက်လာ၏။

"ဘုရားရေ Nani ဘာမှမလုပ်ရသေးဘဲ ရှက်မနေနဲ့လေကွာ!"

ကိုယ့်ကိုကိုယ် သတိပေးကာ ရေရွတ်ရင်း မောင်ပြန်ထွက်မလာခင် အင်္ကျီချွတ်ထားဖို့ ပြင်ရ၏။Aliens ရှေ့ sexy look တွေနဲ့ ဖမ်းစားလေ့ရှိတယ်ဆိုတဲ့ Nani ဟာ Dew ရှေ့ရောက်ရင် အရှက်သည်းနေတဲ့ ကလေးလို ဖြစ်ဖြစ်သွားတာ။

"အသက်! "

"ဟင် "

"မောင်ပြင်ပြီးပြီနော် ချိုးလို့ရပြီ "

Falling In Love (Completed)Место, где живут истории. Откройте их для себя