"အရှေ့တောင်အာရှ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့ကိုယ်စားပြု သံတမာန် ခန့်အပ်ခြင်း "
Universe အဖွဲ့ဟာ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်၊ သီချင်းများ၊ အကများဖြင့် လူငယ်တွေကို လွှမ်းမိုးထားနိုင်တာကြောင့် နိုင်ငံ့ကိုယ်စားပြုအနေဖြင့် ရှေ့လျှောက် နိုင်ငံဖွံ့တိုးတက်ရေး လုပ်ငန်းစဥ်တွေမှာ လူငယ်တွေ တက်ကြွစွာ ပါဝင်နိုင်စေရန် လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ နိုင်ငံ့အကြီးအကဲများက ယုံကြည်တာကြောင့် ထိုင်းနိုင်ငံရဲ့ အဆိုတော် အဖွဲ့တွေ အများကြီးကြားထဲမှာ Universe အဖွဲ့ဟာ သံတမာန်တွေအဖြစ် ခန့်အပ်ခြင်း ခံရတာ ဖြစ်၏။နိုင်ငံ့ကိုယ်စားပြုတာမို့ member တွေအကုန်လုံး စိတ်လှုပ်ရှားနေကြ၏။ခန့်အပ်ပွဲနေ့မတိုင်ခင် လုပ်စရာရှိတာတွေကို အရင် rehearsal လုပ်ဖို့ လူစုနေကြ၏။
"အား...စိတ်လှုပ်ရှားလိုက်တာ! "
ဝတ်ထားတဲ့ အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ရင်း Phi First က ဆိုလာ၏။Win တို့သုံးယောက်ကတော့ နံရံလေးကို မှီကာ ငုတ်တုပ်လေးတွေ ထိုင်နေကြ၏။Leader ကြီးကတော့ မရောက်လာသေး။
"ကိုကိုက ကြာလိုက်တာ! "
ခပ်တိုးတိုး ရေရွတ်ရင်း လာရာလမ်းကို ငေးနေမိ၏။Win လည်း မနက်ဖြန်ကို စိတ်လှုပ်ရှားနေ၏။သံတမာန် ခန့်အပ်ပွဲပြီးရင် ကိုကိုနဲ့ လက်ထပ်ရတော့မှာ။အမှန်တိုင်းပြောရရင် Win အနေနဲ့ လက်မထပ်ချင်သေး။ အကြောင်းပြချက် မရှိပေမယ့် ဒီအတိုင်း လွတ်လွတ်လပ်လပ် နေချင်သေးတာ။ ဒါက ကိုကို့ကို မချစ်လို့ မဟုတ်။သိုပေမယ့် အခြေအနေတွေက လက်ထပ်မှဖြစ်တော့မယ့် အကြောင်းဖန်လာတာ ဖြစ်၏။ CEO က သူတို့နှစ်ယောက်ကို ခွဲနေတာ အပြင် ကိုကိုနဲ့ မတွေ့ရတဲ့ ရက်အတွင်းမှာ Shinn က ကိုကို့အနားကို ဘယ်လိုကပ်ကြောင်းကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တဖုံ မကြားကြားအောင် မသိသိအောင် လာလာပြောနေကြတာ။ Win ဘက်ကတော့ ကိုကို့ကို အကြွင်းမဲ့ ယုံတာကြောင့် Shinn ကိုတွေ့ရင်တောင် ကောင်းကောင်းမွန်မွန်ဘဲ ဆက်ဆံပေးဖြစ်၏။ကိုကို့နားကို ကပ်နေတယ်ဆိုတဲ့ ကောလဟာလတွေ မှန်နေရင်တောင် Win သာ ကောင်းပေးလိုက်ရင် Win အပေါ် အားနာစိတ်ကလေးများ ဝင်မလားလို့။

VOCÊ ESTÁ LENDO
Falling In Love (Completed)
FanficPlot ရတိုင်း ထရေးချင်ပေမယ့် လူက အဲ့လောက် မလိုက်နိုင်ဘူး ဖြစ်နေတယ် မြတ်နိုးရာလေးတွေမို့ Fiction ထဲ ထည့်သိမ်းထားချင်တဲ့ သဘောပါ ဒီထဲမှာတော့ Phi Bright ကို ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ပုံဖော်ထားပါတယ် အမြဲတမ်း ခံစားချက်တွေကို ဖုံးကွယ်တတ်လွန်းလို့ ခံစားချက...