Part-18

1.1K 65 2
                                    


"အိုးဟိုး...ချစ်စရာလေး..."

"Honey...!"

"ဟင်...Babe..."

Loveက အသံကျယ်ကျယ်နဲ့ အော်ပြီး ပြေးထွက်သွားတာ​ကြောင့် Panly နဲ့ Bright က လိုက်ကြည့်မိတော့ လွင်ပြင်ငယ်လေး....။Love က မိတ်ဆက်ပေးပါလို့ ဂျီကျနေတာကြောင့် Panly က Bright ကို အပူကပ်နေခဲ့တာ... shooting တွေက တစ်နေရာစီမို့ Panly တို့ဆိုင်မှာဘဲ ဆုံဖို့ ချိန်းထားခဲ့တာ...။ရောက်လာတဲ့ ပုံက သွေးတက်ချင်စရာ..ဘယ် stylish က ဆင်လိုက်ပြန်လဲ မသိ...ဘောင်းဘီအတို ဒူးခေါင်းဖုံးရုံ အနက်ရောင်ကို အပေါ်က ရှပ်အင်္ကျီအဖြူနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဦးထုပ်အဝိုင်းလေး ဆောင်းထားသေး၏။သွေးတွေထိုးတက်လာတာကြောင့် နားထင်စပ်ကို ဖိထားရင်းနဲ့ လွင်ပြင်ငယ်လေးနား ရောက်အောင် သွားလိုက်ရ၏။မဟုတ်ရင် love လက်ထဲမှာ ပြုတ်ထွက်ကုန်တော့မယ်...။

"Honey ကြည့်ပါအုံး..ချစ်စရာလေး...အပြင်မှာက အများကြီး ပိုချောတာဘဲ...ထိရက်စရာတောင် မရှိဘူး..."

Love က လက်တစ်ဖက်ကို ဆွဲထားရင်း ပြောတော့ လွင်ပြင်ငယ်လေးမှာ ရှက်သယောင်ဖြင့် လည်ပင်းလေးပွတ်ကာ ခေါင်းငုံ၏။

"Honey...လွှတ်လိုက်တော့..Bright ကို ကြည့်အုံး..."

"အိုး..မလွှတ်ပါဘူး...လာ...Win လာ..တို့နဲ့ အတူတူ သွားထိုင်မယ်..."

Bright မှာ လက်ကလေးဆွဲရုံရှိသေး....ကလေးမက ဇိုးဇိုးဇက်ဇက်နဲ့ ခေါ်သွားပြန်၏။

"ကိုကို..."

"လာ Babe ကိုကို့အနားကို..."

မိန်းကလေးနှစ်ယောက်ကြားထဲ ရောက်သွားတာမို့ မနေတတ်တာကြောင့် ကိုကို့ကို လှမ်းခေါ်မိတော့ ချက်ချင်း သူ့အနားကို ဆွဲခေါ်၏။

"ဘယ်သူဆင်ပေးလိုက်တာလဲ..."

"shootingက အဝတ်အစားတွေ အချိန်မရတော့လို့ မလဲဖြစ်တော့တာ..."

"ကိုယ့်ကို သွေးတက်အောင် လုပ်နေတာဘဲ..."

"ရှင်တို့နှစ်ယောက်လည်း မတွေ့ရလို့လား တတွတ်တွတ်နဲ့ ပြောနေကြတာ..."

Love က မျက်စောင်းခဲကာ လှမ်းပြောတာမို့ ကိုယ်ရှိန်သတ်လိုက်ပြီး လာရင်းကိစ္စကို ပြောရ၏။

Falling In Love (Completed)Onde histórias criam vida. Descubra agora