အပိုင်း[၁]

9K 502 11
                                    

Unicode

        “  ပိုင်ထွေးလေးရေ ”

ရွာရဲ့အိမ်တွေကတစ်အိမ်နဲ့တစ်အိမ် အကျဲကြီးတွေလေ။ကြီးမေတစ်ယောက်အိမ်ရှေ့ကနေအထွေးလေးကိုအော်ခေါ်နေသံမှာဆူညံနေသည်။အိမ်ထဲကနေပုဆိုးတိုတို၊အကျီချည်သားပါပါးလေးဝတ်ထားတဲ့ကောင်ငယ်လေးတစ်ယောက်ထွက်လာသည်။

       “ ခြံတခါးဖွင့်ထားတယ် ကြီးမေရဲ့၊လာ ”

       “ အိုကွယ် မသိဘူးတော်၊ကြီးမေကအထွေး‌စားဖို့မုန့်ဟင်းခါးလာပို့တာ၊အော်ဒီနေ့ ကြီးမေတူလေးလာမှာ၊အဲ့ဒါထွေးကပဲ‌ကူညီပြီးစောင့်ရှောက်ပေးပါအုံး ”

ကြီးမေပြောတဲ့စကားလေးကိုအသိမှတ်ပြုကာခေါင်းလေးညှိမ့်ပြသည်။ကြီးမေလက်ထဲကချိုင့်လေးယူကာအိမ်‌နောက်ဖေးဝင်သွားပြီး၊ချိုင့်ကိုလှယ်ကာဆေးပြီးပြန်ယူလာသည်။

         “ ရပြီကြီးမေ၊ကျေးဇူးပါနော်၊ကြီးမေတူကိုသားသွားကြိုပေးရမှာလားဗျ”

         “ ‌အထွေးအားရင်တော့ ကြိုပေးပါကွယ် ”

         “ ဟုတ်၊သားသွားကြိုပေးမယ်နော် ”

         “အေးအေး၊နောက်နာရီဝက်လောက်ဆိုရောက်မယ်ထင်ပါ့ထွေးရေ၊ကြီးမေသွားပြီနော်”

          “ ဟုတ် ကြီးမေ ”

ကြီးမေကသနပ်ခါးအဖွေးသားနဲ့အရမ်းလှတာ။ကြီးမေရဲ့မျက်နှာလေးကအမြဲပြုံးနေရော၊ကျုပ်ဆိုကြီးမေအပြုံးကိုခနခနငေးကြည့်မိတယ်။ကျုပ်မိဘ‌တွေဆုံးသွားပြီးထဲကတစ်ရွာလုံးဝိုင်းပြီးဂရုစိုက်ကြပေမယ့်ကြီးမေကတော့ကျုပ်ကိုသားအရင်းလိုပိုပြီးဂရုစိုက်တယ်ဗျ။ကဲအခုတော့မမြင်ရသေးတဲ့လူကိုကြိုဖို့ရေချိုးလိုက်အုံးမယ်။

အိမ်ရှေ့ကျောက်စည်ထဲကရေကိုခပ်ချိုးရင်းလွင့်လာတဲ့မြေသင်းနံ့တွေကိုတစ်ဝကြီးရှူရှိုက်နေတဲ့အထွေးလေး။မိန်းကလေးတွေလောက်နီးပါးပါးလှတဲ့အထွေးလေးကမြင်လိုက်တာနဲ့ရှုမောဖွယ်အတိ။ခေါင်းအစခြေအဆုံးလိုအပ်ဖွယ်မရှိတဲ့ခန္ဓာဟာမြင်သူတိုင်းကိုပိုင်ဆိုင်စေလိုချင်စိတ်အပြည့်ဖြစ်စေသည်။ရေချိုးလို့ပြီးတော့ရေလဲပုဆိုးကို‌တိုတို‌ ပြောင်းဝတ်ကာအိမ်ထဲပြန်ဝင်သွားသည်။အိမ်လေးမှာတိုက်ခံလေးမို့၊မိုးတွင်းဆိုစိတ်ချရသည်။အထွေးကရေသုတ်ပြီး၊ချည်အကျီနက်ပြာလေးနဲ့ယောပုဆိုးအမဲလေးကိုဝတ်‌လိုက်တော့၊သူ့ခန္ဓာကိုယ်မှာလက်ဖက်စွာအခန့်သားရှိနေသည်။

ထွေး [COMPLETE] Where stories live. Discover now