အပိုင်း[၁၃]

2.2K 188 8
                                    

Unicode

ညထဲကရွာနေတဲ့မိုးခုထိမစဲနိုင်သေးပါ။မိုးအေးအေးကြောင့်ထွေးအိပ်ယာထတောင်နောက်ကြသည်။

ကိုယ်လက်သန့်စင်ပြီးမနက်စာ၊အစာပြေစားဖို့အုပ်စောင်းအောက်ကထမင်းကြမ်းနဲ့ရွာထဲလိုက်ပတ်ရောင်းတဲ့ကလေးတွေဆီကအကြော်လေးဝယ်ပြီးသာစားလိုက်သည်။

မိုးရွာထဲထီးတစ်ချောင်းနဲ့ထမိန်ကိုမကာအိမ်ထဲအမြန်ဝင်လာသည့်ပိုးအိ။အကျီီကရေတွေကိုခါကာထီးကိုထောင်ခဲ့ပြီးစိုးရိမ်စိတ်ကြီးနေသည့်မျက်နှာဖြင့်ထွေးရှေ့ဝင်ထိုင်လာသည်။

“ထွေး ပြင်ဦးလွင်ဘက်ရေတွေကြီးနေလို့တဲ့”

“ဟုတ်လို့လား ၊ တခါမှမကြားဖူးပါဘူး”

အထက်ပိုင်းပြင်ဦးလွင်ရေကြီးတယ်ဆိုတာထွေးမယုံ ၊ သို့ပေမယ့်အိမ်သားကိုစိတ်ပူလှသည်။စားနေတာကိုရပ်ကာလက်ကိုရေဆေးပြီး ရေဒီယိုရဲ့သတင်းလိုင်းကိုဖွင့်လိုက်သည်။

မသုံးတာကြာလို့ဖုန်တတ်နေတဲ့ရေဒီယိုလေးကဓာတ်ခဲလဲအားနည်းနေသည်ပေါ့။လိုင်းမိတဲ့နေရာလေးထား‌လိုက်တော့ကြားလာရတဲ့သတင်းက “ပြင်ဦးလွင်မှာရေကြီးတာစဉ့်အိုးတောင်မြောတယ်”တဲ့။

ရင်ဘက်တစ်စုံဟာနှိမ့်ချီမြင့်ချီဖြင့်ခုန်နေသည်။မျက်နှာထက်စိုးရိမ်စိတ်ကအထင်းသား။

“ငါတို့ရွာထိပ်သွားရအောင် မောင်တို့ကပြန်လာနေလောက်ပါပြီ”

ပိုးအိခေါင်းတဆက်ဆက်ညှိမ့်ကာ နှစ်ယောက်သားထီးတစ်ယောက်တစ်ချောင်းဖြင့်ရွာထိပ်ကိုသုတ်ခြေတင်လိုက်ကြသည်။

ရွာလမ်းဟာရှည်ပါတယ် သို့သော်စိတ်ပူမှုကပိုရှည်နေသည်။ရွာထိပ်ကိုဘယ်လိုရောက်လို့ရောက်လာမှန်းမသိရသည်ထိမြန်လှသည်။

ကုက္ကိုပင်အောင်ထီးတစ်ချောင်းနဲ့အထက်ဘက်မျှော်လို့ကြည့်နေသည်။မျှော်ရင်ပိုကြာတယ်ဆိုတာဟုတ်သည်လား။

“ထွေး‌လေးမင်းအိမ်သား ပြန်မရောက်သေးဘူးလား”

လက်ဖက်ရည်ဆိုင်ကထွက်လာသည့်ကိုဖိုးဇော်ကမိုးသံကြောင့်အော်ကာမေးရသည်။ထွေးလက်လေးခါကာပြလိုက်တော့ခေါင်းပြန်ညှိမ့်ပြလာသည်။

ထွေး [COMPLETE] Hikayelerin yaşadığı yer. Şimdi keşfedin