အပိုင်း[၈]

2.7K 240 3
                                    

Unicode

“အကိုလေး စာလာတယ်ရှင့်”

မနက်စောစောရှားထက်စံဆီရောက်လာတဲ့စာကထွေးဆီက။စာအိတ်လေးဖောက်ကာဖတ်ကြည့်တော့

“၂၄နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေမောင် တကယ်မသိလိုက်လို့ပါငါတောင်းပန်ပါတယ်။ ငါ‌ကမောင့်ကိုတနေ့ထက်တနေ့ပိုချစ်မှာမို့ငါ့အချစ်တွေကိုမွေးနေ့လက်ဆောင်အဖြစ်ယူလိုက်နော် ချစ်တယ်မောင်။
ငါကမောင့်ကိုအများကြီးချစ်တယ်ဆိုတာမှတ်ထားနော် ဂရုစိုက်ငါ့ကိုစိတ်ပူရအောင်မလုပ်နဲ့ကျောင်းပြီးလို့ပြန်လာရင်လက်စွပ်နှစ်ကွင်းနဲ့စောင့်နေမယ်ကြားလား”

“အဆိုးလေး ဘယ်လိုလုပ်စိတ်ဆိုးရက်မှာတဲ့လဲဒီကကောင်က”

စာရွက်လေးကိုရင်ဘက်နဲ့ကပ်ကာတစ်ယောက်ထဲစကားပြောနေတဲ့ရှားထက်စံအားဖွားအေဖြစ်သူမှကြည့်ကာပြုံးမိသည်။

ဒီနှစ်ရဲ့ပထမဆုံးရတဲ့မွေးနေ့လက်ဆောင်ကထွေးဆီကထွေးရဲ့အချစ်တွေပေါ့။ကျောင်းသွားခါနီးအဖွားကရှားထက်စံကိုနာရီလေးမွေးနေ့လက်ဆောင်ပေးသည်။

.…………………………

“မေမေကြီး နေလို့ကောင်းလားဟင်”

ဒေါ်ထားရည်အိပ်ယာထက်ထထိုင်ကာကုတင်ကိုမှီထားသည်။သူ့လက်ကဝတ်ထားတဲ့ကြိုးအနီလေးအားကြည့်ကာ

“ဒါဘာလဲ မီးငယ်”

“မေမေကြီးအပမိတာတဲ့ အဲ့ဒါ အဲ့ဆရာကြီးကဒါလေးပတ်ပေးခဲ့ပြီးအဝတ်တစ်ဆုံကိုလဲမီးရှို့သွားတယ်လေ အဲ့လိုလုပ်လိုက်လို့မေမေကြီးသက်သာသွားတာ”

ဒေါ်ထားရည်မျက်ခုံးတို့ကိုတွန့်ချိုးထားပြီးစဉ်းစားနေသည်။

ငါ့ကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲ

မိခင်ဖြစ်သူရဲ့အလိုမကျတဲ့မျက်နှာကြောင့်ရှားယွန်းလွှာဘာမှဆက်မပြောရဲ။

“ရှားထက်စံအိမ်ကိုဖုန်းဆက်လိုက် ညနေငါ့ဆီလာခဲ့လို့ပြောလိုက် မီးငယ်”

“ဟုတ်ကဲ့”

ရှားယွန်းလွှာသူ့အကိုမွေးနေ့မှန်းသိလို့ခေါ်တယ်အထင်နဲ့အပြေးအလွှားဖုန်းဆက်ကာညနေအိမ်လာခဲ့ဖို့ပြောလိုက်သည်။

ထွေး [COMPLETE] Donde viven las historias. Descúbrelo ahora