အပိုင်း[၃]

3.3K 288 10
                                    

Unicode

“ထွေး”

အိပ်ယာထက်ကမျက်လုံးလေးဖွင့်ကာအရင်ခေါ်သောအမည်မှာထွေး။ကုတင်တစ်လုံးထဲမှာညကနှစ်ယောက်သားဟိုဘက်ဒီဘက်အိပ်ကျပေမယ့်မနက်မှာပူးကပ်လို့။

“မောင်ညကဘယ်လိုအိပ်ပျော်သွားတာလဲ”

“ယပ်ခက်ပေးနေရင်းအိပ်ပျော်သွားတာလေ မမှတ်မိဘူးလား”

ရှားထက်စံခေါင်းလေးယမ်းပြသည်။ထွေး ကုတင်ပေါ်ကဆင်းကာ ဆွမ်းအတွက်ဟင်းချက်ဖို့ပြင်ရမည်။ရှားထက်စံကတော့စဉ်းစားလို့ကောင်းတုန်းပါ။

“အဲ့ဒါဆိုထွေးမောင့်ကိုဘယ်လိုခေါ်လာတာလဲ”

အခန်းထဲကနေအပြင်ကိုအော်မေးတော့ထွေးကအခန်းအပေါက်ဝနားလေးပြန်ရောက်လာကာဖြေတယ်။

“တရွတ်တိုက်ဆွဲခေါ်လာတာ”

ထွေးဖြေတဲ့စကားကိုရှားထက်စံတစ်ယောက်လုပ်ရက်လိုက်တာဆိုတဲ့အကြည့်လေးနဲ့၊အိပ်ယာပေါ်ကထပြီးမျက်နှာသစ်ဖို့ပြင်နေသည်။ထွေးကတော့ထမင်းအိုးစတည်နေပြီ။မြို့ကြီးသားကတော့မီးခိုးမွှန်လို့ တဟွက်ဟွက် နဲ့ပါရဲ့။

.
.
.
.
.
.
.
.
.
.
.

ဒီနေ့မြို့ကဆရာဝန်တွေလာမည်။ရှားထက်စံကလဲဆေးကျောင်းသားလေးဖြစ်တယ်။ဘွဲ့ယူဖို့‌တစ်နှစ်ပဲကျန်တော့သည်။

“ထွေး”

“ဟွန်”

“မြို့ကဆရာဝန်တွေလာရင်မောင့်နားမှာပဲနေနော်”

“ဘာလို့တုန်း”

ထမင်းအိုးရှေ့ငုတ်တုတ်လေးထိုင်ကာပြန်မေးတဲ့ထွေးကိုရှားထက်စံငုံ့ကာနဖူးကိုဖွဖွလေးနမ်းလိုက်တယ်။ထွေး မျက်လုံးလေးမှိတ်သွားကာဇာတ်လေးပါပုဝင်သွားရသည်။

“မောင့် ထွေး ကိုလိုက်ပိုးကျမှာဆို့လို့ မောင်အပိုင်ဖြစ်ကြောင်းသိအောင် မောင့်အနားမှာပဲနေ”

ထွေးခေါင်းလေးခါရင်းလစ်လျူရှုလိုက်သည်။ရင်ထဲမှာတော့လှိုင်းလုံးတွေတန်းဆီလို့လှုပ်ခက်နေလေရဲ့။ရှားထက်စံရေချိုးဖို့ပုဆိုးတိုတိုဝတ်ကာအပေါ်ပိုင်းဗလာနဲ့အိမ်ရှေ့ပြန်ထွက်ခဲ့တယ်။ဒီပုံစံမျိုးကိုမြင်ရတာထွေးအတွက်တော့မျက်နှာထားစရာမရှိသလောက်ပဲ။

ထွေး [COMPLETE] حيث تعيش القصص. اكتشف الآن