အပိုင်း[၁၂]

2.6K 195 11
                                    

Unicode

မနက်မိုးလင်းထဲကမလှုပ်မရွနဲ့ရှားထက်စံတစ်ယောက်အပြင်းတစ်နေသည်။မျက်နှာသစ်ပြီးထဲကခုံမှာထိုင်နေတာအခုချိန်ထိ ၊ ထွေးဘာခိုင်းခိုင်းလဲပျင်းတိပျင်းရွဲနဲ့လုပ်သည်။

သန်းလိုက် ၊ အပြင်းဆန့်လိုက် ဖြစ်နေတဲ့ရှားထက်စံကိုထွေးထုချင်နေပါပြီ။

“မောင်”

“ဟွန်......”

ဟွန်ထူးတာတောင်အပြင်းလေသံဖြင့်။ထွေးအတွက်တော့ဖနောင့်ဖြင့်ထပေါက်ချင်စရာအလား။

“ထ ရေသွားချိုး ဘယ်လိုဖြစ်လို့အပြင်းတစ်နေတာတုန်း”

ထွေးဗိုက်လေးနားသူ့မျက်နှာကပ်ပြီးဖက်ကာ

“မောင်စဉ်းစားနေတာ ထွေးရဲ့”

“ဘာကိုတုန်း”

“ထွေးရဲ့လွတ်နေတဲ့ခြံကိုဘိန်းပန်းစိုက်ရင်ကောင်းမလားလို့”

ထွေးမျက်လုံးကြီးပြူးကာဟွန်ဆိုတဲ့အသံလေးထွက်လာသည်။ခါးကြီးထောက်ကာအပေါ်ကနေကြည့်နေသည့်ထွေးအားရှားထက်စံမျက်လုံးလေးပေကလပ်ပေကလပ်နဲ့ပြန်ကြည့်နေသည်။

“ဘုန်းဘုန်းရဲ့ကြိမ်လုံး ကြိုက်သလား ၊ သူကြီးရဲ့ထိပ်တုံးကြိုက်သလား မောင်”

“တစ်ခုမှမကြိုက်ပါဘူးခင်ဗျာ ထွေးကိုတော့ကြိုက်ပါတယ် ၊ ရေချိုးပါတော့မယ်”

မျက်နှာပြောင်ကာလေသံအမျိုးမျိုးနဲ့ပြောသွားသည့်‌ရှားထက်စံကိုခေါင်းခါမိပါသည်။

ဒီနေ့တော့ရာသီဥတုကသာယာနေသည်။ထွေးအိမ်အလုပ်တွေအကုန်ပြီးနေပြီ။အချိန်ကြည့်တော့ဆယ်နာရီကျော်ပြီ‌။

ရွာဦးဘုန်းကြီးကျောင်းမှာ ကျောင်းဆောင်တစ်ခုပြင်မှာမို့ရွာထဲကလူတွေအလုပ်ရှုပ်နေကြသည်။

“ထွေးရေ မောင်ပြီးရင်‌ကျောင်းမှာသွားဝိုင်းလုပ်ပေးလိုက်ရမလား”

အိမ်ရှေ့ကရေချိုးနေရင်းအော်ပြောသည့်ရှားအားထွေးအံကြိတ်ကာမေးတ‌‌ငေါ့်ငေါ့်ဖြင့်အရှေ့ထွက်သွားသည်။

“အော်မေးနေသိလား မလုပ်ရဘူးလို့ပြန်ပြောရင်လဲသူများတွေကြားရင်မကောင်း ငရဲကကြီးအုံးမယ် မောင်ဟာအလိုက်ကန်းဆိုးကိုမသိဘူး”

ထွေး [COMPLETE] حيث تعيش القصص. اكتشف الآن