ကျေးဇူးတင်လွှာ သို့ နှုတ်ဆက်လွှာ

1K 79 7
                                    

အစအဆုံးဖတ်ပေးကြတဲ့သူတွေအကုန်လုံးကိုမောင်ကကျေးဇူးတင်ပါတယ်ဗျ။မင်းတို့စိတ်ထဲ‌ မောင်နဲ့ထွေး နီးစပ်တာအရမ်းမြန်တယ်ထင်ကြလား။

မောင့်ထွေး ကလေအိမ်ရှင်ထီးပီသပါပေတယ်။မနက်နေထွက်ပြီဆိုတာနဲ့သူနိုးပြီ လုပ်စရာရှိတာလုပ်တယ် ၊ မောင်အလုပ်မသွားခင် မနက်စာစားဖို့လဲအဆင်သင့်‌ပြင်ပေးတယ်။ မနက်စာစားပြီးမောင်အလုပ်ကိုသွားပြီဆိုတာနဲ့ အိမ်အလုပ်တွေစလုပ်တော့တာပဲ။ အဝတ်တွေလဲသူပဲလျှော် မီးပူလဲသူပဲထိုး အိမ်မှုကိစ္စဆိုသူပဲအကုန်လုပ်ချင်တာ မောင့်ကိုဘာတစ်ခုမှဝိုင်းမလုပ်ခိုင်းဘူး။‌ နေ့လည်ဆိုခြံကို နေပူကြီးထဲရောက်လာပြီ ၊ ဘာလို့လာတာလဲလို့ပြောရင် “မောင်အိမ်ကိုပြန်လာပြီးထမင်းစားရင်သွားရလာရတာပင်ပန်းမှာဆိုးလို့” တဲ့ဗျာ။ သူလဲမပြန်တော့ဘူး မောင်နဲ့အတူညနေမှပြန်တယ်။ ထုံးစံအတိုင်းမပိုးအိကတော့မပါမဖြစ်ပေါ့။

မနက်ခင်းရဲ့နေထွက်ချိန်ကစပြီးညနေစောင်း နေဝင်တဲ့အချိန်ထိမောင့်ထွေးကအမြဲလှနေတာဗျ။ မောင်ခူးတဲ့ပန်းတွေထဲသေးသေးလေးတွေ တွေ့ရင်မောင့်မှာသူလေးကိုပန်ပေးရတာ ယောက်ျားလေးပန် ပန်ရင်မလှဘူးလို့ပြောတာမယုံနဲ့နော်။ လူဆိုတာစိတ်ထားလှဖို့ပဲလိုတယ်။

မောင်နဲ့ထွေး လျှောက်တဲ့လမ်းကမှန်တယ်လို့မောင်ကအနှိုင်းအဆမဲ့ယုံကြည်ထားတာမို့ နောင်ရက်တွေ ၊ လတွေ ၊ နှစ်တွေ နဲ့တိုင်အောင်အတူရှိသွားမှာပါ။

မောင့်ရပ်ဝန်းကဘယ်လောက်နွေးထွေးကြောင်း ထွေးကနေ့တိုင်းပြောတယ် ၊ ချစ်တယ်မောင် ဆိုတာလေးကအစပါလိုက်သေး။

“ စာရေးသူနှုတ်ဆက်တာကိုဆက်ဖတ်လိုက်ပါအုံးနော် ..... မောင့်ကိုသူမျက်မှောင်ကြီးကြုံ့ပြီးကြည့်နေတယ်”

မောင်ပြောခဲ့သလိုပဲပေါ့နော် အကုန်းလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ လိုအပ်ချက်ရှိတဲ့နေရာတွေကို လာထောက်ပြကြတဲ့တစ်ယောက်ချင်းစီကိုရော ၊ ပေါ့ရွှတ်"လေးကိုသည်းခံပြီးဖတ်ပေးတဲ့သူတွေကိုရော ကျမကကျေးဇူးတင်ပါတယ်လို့။ ဇာတ်လမ်းသွားကသိပ်မကောင်းတော့ ရင်ထဲရောက်မယ်လို့တော့မထင်ပါဘူး မင်းတို့အနေနဲ့ရင်ထဲရှိတဲ့အတိုင်းလေးပြောခဲ့ပေးနိုင်မလား ၊ ဒါမှကျမလဲဘယ်နေရာကိုဘယ်လိုဖြည့်ရမယ် ပြင်ဆင်ရင်ပြင်ရမယ်မှန်းသိမှာလေ။ အပိုင်းအများကြီးရေးရတာကိုကျမကမကြိုက်ဘူး ဖတ်ရတာတော့ကြိုက် ၃၀လောက်ထိဆွဲခေါ်မယ်လုပ်တော့ အတွေးကမရဘူးတိုတိုလုပ်ဆိုပြီးပေါ်လာပြန်ရော။ ဇာတ်ကြောင်းအရမ်းမြန်သွားတယ်ပေါ့နော် ကျမကတိုတိုတုတ်တုတ်နဲ့ မြန်မြန်သွားတဲ့ပုံစံပဲရေးတတ်တာကြောင့်ပါ ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင်လဲ‌တောင်းပန်ပါရှင့်။ ပြောတာတွေလဲများနေပြီဆိုတော့ ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်ရှင့်။

ထွေး [COMPLETE] Donde viven las historias. Descúbrelo ahora