အပိုင်း[၂]

4.3K 355 3
                                    

Unicode

[ပေါ့ပေါ့ပါပါးပဲသွားမှာမို့‌ဖတ်ရတာထောက်သွားရင်တောင်းပန်ပါတယ်]

မနက်ဝေလီဝေလင်းမ‌ရောက်ခင်ဆိုကျွန်တော်အိပ်ယာထပြီးဘုန်းကြီးဆွမ်းလောင်းဖို့အတွက်ချက်ပြုတ်တယ်လေ။ဒါကကျွန်တော်ရဲ့နေ့စဉ်အလုပ်ပေါ့ဆွမ်းလောင်းပြီးရင်ကျွန်တော့်အလုပ်ခြံလေးကိုလဲသွားကြည့်ရသေးတယ်။ပစ်ထားလို့ကမရ။

“ထွေး”

စောစောစီးစီးသူနိုးနေပြီလား။အိမ်ရှေ့ကနေလှမ်းကာအော်ခေါ်နေတဲ့မောင်လေ။ခြံတံခါးလေးသွားဖွင့်ပေးတော့ကျွန်တော့်အိမ်ထဲကိုဝင်လာတာမှတန်းနေရော။သူ့အိမ်ကျလို့ဗျာ။

“အစောကြီးရှိသေးတာ ထွေးကဟင်းတောင်ချက်နေပြီလား”

“ဆွမ်းလောင်းမလို့ပါ”

ကျွန်‌တော်ထိုင်နေတဲ့ဟင်းအိုးနားလေးမှာသူပါလိုက်ထိုင်နေတယ်။သူစိမ်းယောင်္ကျားတစ်ယောက်အနားမှာရှိနေတာ‌ကိုကျွန်တော့်မှာနှင်မထုတ်ရက်။ဒါဟာလဲမောင်ဖြစ်နေလို့ပါ။

“ထွေးက ဘာအလုပ်လုပ်နေလဲခု”

“နှင်းဆီခြံတစ်ခြံရှိတယ်”

“အော်”

ဟင်းလဲကျက်ထမင်းလဲကျက်၊ကြွေပန်းကန်လုံးလေးထဲထမင်းထည့်ပြီးကြွလာနေပြီဖြစ်တဲ့ဘုန်းကြီးတန်းဆွမ်းကိုဆွမ်းလောင်းရန်ကျွန်တော်အိမ်ရှေ့ထွက်ခဲ့တယ်။ရွာဦးကျောင်းကဘုန်းဘုန်းကိုယ်တိုင်ကြွတာမို့ကျွန်တော်တို့တရွာလုံးနီးပါးဆွမ်းလောင်းကြတယ်လေ။မနက်နေစထွက်ချိန်မြေနီလမ်းမှာဘုန်းကြီးတွေဆွမ်းခံကြွတဲ့ပုံရိပ်ကအလှဆုံးပန်းချီတစ်ချပ်ပဲ။

“ဘေးက ဒကာလေးက ဘယ်သူတုန်း ဒကာကြီး”

“ကြီးမေရဲ့တူလေးပါ ဘုန်းဘုန်း”

ဘုန်းဘုန်းကကျွန်တော့်အဖြေခေါင်းလေးအသာညှိမ့်ပြပြီးကြီးမေတို့အိမ်ဘက်လျှောက်သွားတယ်။

“ထွေးနဲ့အတူ မောင်လိုက်ခဲ့လို့ရမလား”

“ဘယ်တုန်း”

“ထွေးအလုပ်ကိုလေ”

“သဘော”

ဒီတခါလဲကျွန်တော်မငြင်းနိုင်ခဲ့ပြန်ပါဘူး။ပန်းကန်ကိုအိမ်ထဲပြန်ဝင်ထားပြီးအိမ်တံခါး‌သေချာပိတ်ကာခြံဘက်သွားဖို့ပြင်လိုက်သည်။

ထွေး [COMPLETE] Where stories live. Discover now