အပိုင်း[၁၄]

2.1K 180 6
                                    

Unicode

ပုံမှန်ပါပဲ ၊ မောင်ကျွန်တော့်ဆီပြန်လာမယ်ဆိုတာယုံတယ်။အချိန်အတိုင်းတာတစ်ခုထိတော့ကျွန်တော်စောင့်ရမှာပေါ့။

ကျွန်တော်လုပ်နေကျအတိုင်း မနက်ဆိုဘုရားသောက်တော်ရေလဲမယ်။မျက်နှာသစ်ရေမိုးချိုးပြီးမနက်စာစားမယ်။အိမ်သန့်ရှင်းရေးကလဲလုပ်ရသေးတယ်။

ဒီနေ့တော့မောင့်အတွက်ဆောက်ပေးထားတဲ့အိမ်လေးသွားကြည့်မလို့လုပ်ထားတယ်ဗျ။ရေချိုးချိန်တိုင်းမောင့်ကိုသတိရတာတော့ကျွန်တော်ဝန်ခံပါတယ်။

သူကျွန်တော့်အနားမှာမရှိတဲ့အချိန်တိုင်းကျွန်တော်သတိရပါတယ်။ပေါင်းဖက်ဖို့ကံပါလာသလောက်တော့လဲပေါင်းရမှာပေါ့လေ။

အိမ်ကထွက်လာတာနဲ့ရွာထဲကလူတွေကကျွန်တော့်ကိုအဆင်ပြေလားမေးကြပါတယ်။ကျွန်တော်ဟုတ်ကဲ့လို့ပဲပြန်ဖြေခဲ့တယ်။

ဦးတည်ရာဖွားစောရွာဘက်ပေါ့ ၊ ကိုလင်းကတော့သွားတာကြာပြီတဲ့။ရွာလမ်းတစ်လျှောက်နွားလှည်းလေးတွေ့လို့စီးလာခဲ့တယ်။

တိုက်ဆိုင်မှုတွေပေါ့ ၊ နွားလှည်းမြင်တော့လဲမောင့်ကိုသတိရ ၊ ရွာလမ်းလေးမြင်တော့လဲသတိရနဲ့ ကျွန်တော့်ဘဝတကယ်မလွယ်ပါလား။

တခါတလေစဉ်းစားမိတယ်ကျွန်တော်ကိုကကောင်းကျိုးမပေးတာလားလို့။ဖြတ်တိုက်လာတဲ့လေစိမ်းတွေကတိုးတိုးလေးမေနေတယ် ၊ မောင်မပါဘူးလားတဲ့ဗျာ။

တဖြေးဖြေးမောင်းနှင်လာတဲ့ခရီးကဖွားစောဘက်ဝင်လာခဲ့ပြီ။မြင်နေရတဲ့ဆေးရောင်မရှိသေးတဲ့အိမ်အလွတ်လေးကမောင့်အိမ်ပေါ့။

ကိုလင်းကကျွန်တော့်ကိုမြင်တော့ထီးလေးနဲ့လာခေါ်တယ်။ယဉ်ကျေးစွာပြုံးပြရင်းအိမ်ဘက်သာလျှောက်လာခဲ့ပါတယ်။

"အိမ်ကပြီးတော့မယ် ထွေးရေ ၊ ဆေးဘာအရောင်သုတ်မလဲပြောအုံး"

"အသားရောင်လေးပဲပေါ့ ကိုလင်းရယ်"

မောင့်အိမ်ဆိုတော့ မောင်ကြိုက်တဲ့အရောင်လေးပဲပေါ့။ကျွန်တော်ပြောတော့ကိုလင်းကရယ်တယ်။အိမ်လေးကတိုက်ပုလေး ကျယ်တော့ကျယ်ပါတယ်။ကျွန်တော့စိတ်ကူးအရ အခန်းကိုတော့သုံးခန်းထည့်ထားရဲ့။

ထွေး [COMPLETE] Donde viven las historias. Descúbrelo ahora