အပိုင်း[၅]

2.9K 267 7
                                    

Unicode

“မောင်ရေ ဆံပင်ညှပ်ဖို့လုပ်အုံးနော်”

ကျောင်းတတ်ဖို့ရက်ကနီးလာပြီ၊ရှားထက်စံကဆံပင်ရှည်ရှည်လေးနဲ့မို့ညှပ်ရမည်။အိမ်ရှေ့ငုတ်တုတ်ထိုင်နေတဲ့သူကိုနောက်ဖေးက‌ထွေးအော်ပြောနေရသည်။

ရှားထက်စံတစ်ယောက်ထွေးပြောတာပြန်မဖြေသည်မို့ထွက်ကြည့်တော့ စာရေးနေသည်။စာထဲမှာ “မီးငယ်နေကောင်းအောင်နေနော် နင့်ကို‌ ဒေါ်ထားရည် ရိုက်ရင်ပဲဖြစ်ဖြစ်ဆူရင်ပဲဖြစ်ဖြစ်ငါ့ကိုပြော ငါလာခေါ်မယ်သိလား” လို့လဲရေးထားသည်။

“မောင်”

“ထွေး”

ထွေးကရှားထက်စံဘေးဝင်ထိုင်ကာပြုံးပြသည်။ညီမဖြစ်သူကိုလဲလွမ်းပါသည်။နီးတော့လဲရန်ဖြစ်၊ဝေးတော့လဲလွမ်းပေါ့။

“မောင် ဆံပင်ညှပ်ဖို့သွားရင်းတခါထဲစာတိုက်သွားလိုက်လေ”

“အွန်း မောင်သွားလိုက်မယ် ၊ ထွေးမလိုက်တော့ဘူးလား”

“အွန်း ဟင်းအိုးတန်းလန်းကြီးမို့ မောင့်ဘာသာသွားလိုက်တော့ ထထ တော်ကြာနေမြင့်တော့မယ်”

အိတ်ကပ်ထဲက၂၀တန်လေးထုတ်ကာရှားထက်စံလက်ထဲထည့်ပေးပြီးအိမ်ထဲပြန်ဝင်သွားသည်။ထွေးပေးတဲ့ပိုက်ဆံလေးကိုကြည့်ကာရှားထက်စံသက်ပြင်းချမိသည်။

.
.
.
.
.
.

ခြံထဲရပ်ထားတဲ့စက်ဘီးလေးကိုနင်းကာထွက်သွားသည်။ဦးတည်ရာရွာထဲကဖိုးဇော်ဆံပင်ညှပ်ဆိုင်သို့၊

“ဟာ ထွေးလေးအမျိုးသားလာတယ်ကွ”

ကုက္ကိုပင်အောက်ခုံလေးတစ်လုံး၊မှန်တချပ်နဲ့ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ဖိုးဇော်ကအော်ဟစ်ကာရှားထက်စံကိုကြိုဆိုသည်။

တရားဝန်လက်မထပ်ရသေးပေမယ့်တစ်ရွာလုံးရဲ့အသိကတော့ ရှားထက်စံဟာထွေးအမျိုးသားပါပဲ။

“ဆံပင်ညှပ်ချင်လို့ ကို‌ဖိုးဇော်”

“ဟုတ်ကဲ့ လာ ဒီမှာထိုင် ၊ ဘယ်လိုညှပ်မလဲ”

“တိုရင်ရပြီဗျ ၊ အရမ်းကြီးလဲမတိုနဲ့နော်”

“စိတ်ချ”

ထွေး [COMPLETE] Tempat cerita menjadi hidup. Temukan sekarang