အပိုင်း [၁၇]

2.3K 180 4
                                    

Unicode

တစ်လနားမယ်ဆိုပြီး တစ်ပတ်တောင်မပြည့်သေးပဲပြန်ပေါ်လာတော့ ကျမကိုစိတ်ဆိုးကျတော့မယ်ထင်တယ်။

--------------

“မောင့်အတွက် ထွေးလုပ်ပေးတာတွေများနေပြီ ထွေးရယ်”

“မောင်ငါ့ကိုချစ်ပေးတာနဲ့ဆိုဒီလောက်ကမပြောပလောက်ပါဘူး”

မနက်စောစောရှားကိုအတင်းနှိုးကာသူနဲ့လိုက်ခဲ့ဖို့ခေါ်သည်။ဘာလုပ်ဖို့လဲဆိုတာမေးလဲမဖြေ အတင်းလက်ကြီးချိတ်ပြီးခေါ်လာခြင်း။

ဖွားစောရွာခြံဝယ်တုန်းကရှားပါသည်။အိမ်‌ဆောက်တာတော့သူမသိလိုက်ရ။အိမ်ကိုမြင်တာအဲ့သလောက်မတုန်လှုပ်သေး ဒီအိမ်ဟာမောင့်အိမ်လို့ထွေးပြောလာတော့သူခနမျှငြိမ်သက်ကာစကားဆိုလာတယ်။

တိုက်ခံအိမ်လေးကသိပ်တော့မကြီးလှ၊သို့ပေမယ့်သူတို့နှစ်ယောက်အတွက်တော့အဆင်ပြေသည်။အိမ်ကိုကြည့်လို့သဘောကျနေပုံမြင်တော့ထွေးလဲစိတ်ချမ်းသာရသည်ပေါ့။ရှားကြိုက်တဲ့အသားရောင်လေးကိုဆေးသုတ်ထားကာ အိပ်ခန်းကိုသုံးခန်းဖွဲ့ထားသည်။

အိမ်အတွင်းဘက်ကိုလိုက်လို့ကြည့်နေရင်းသဘောတကျပြုံးကာထွေးအနားခြေလှမ်းကျဲကြီးတွေဖြင့်တဖန်ပြန်လျှောက်လာခဲ့သည်။အနားရောက်တော့ထွေးနဖူးကိုဖွဖွလေးနမ်းကာ ရင်ခွင်ထဲထည့်လို့ကွဲလွယ်သည့်ဖန်ခွက်တစ်လုံးလိုနူးညံ့စွာဖက်တွယ်ထားသည်။

“မောင်သဘောကျတယ် ဒါပေမယ့်နောက်အခါတွေကျမောင့်အတွက်ဆိုပြီးတံဆိပ်တပ်လို့တော့မပြောပါနဲ့ထွေးရယ် ၊ ထွေးကလွဲရင်မောင်ဘယ်အရာမှအဲ့လောက်မမက်မောဘူး”

“သိတာပေါ့မောင်ရဲ့ ၊ ထွေးကမောင့်ကိုချစ်လို့ပေးတာလေ အဲ့လိုပဲသဘောထားရမှာပေါ့”

“အွန်း”

အိမ်ထောင်ဦးစီးတစ်ယောက်လိုထွေးကဆက်ဆံပေမယ့်ပိုက်ဆံကိုထွေးကပဲဦးဆောင်ကာရှာတော့‌ ရှားသူ့ကိုယ်သူအလိုမကျဖြစ်၏ သူအလုပ်လုပ်မယ်ဆိုတော့ထွေးကလက်မခံ ၊ ဆက်ပြောရင်ရန်ဖြစ်မယ်ဆိုတာသိ‌လို့အမြဲအဲ့နေရာမှာသာရပ်ချခဲ့ရသည်။

ထွေး [COMPLETE] Nơi câu chuyện tồn tại. Hãy khám phá bây giờ