အပိုင်း[၄]

3.1K 275 16
                                    

Unicode

ဆရာဝန်အဖွဲ့ကတစ်ရွာလုံးနည်းပါးကိုနှစ်ရက်ထဲနဲ့အပြီးစစ်ဆေးကြည့်ပေးခဲ့ကြတယ်။လိုအပ်တဲ့ပြောကြားမှုတွေလဲလုပ်ခဲ့ကြတယ်။ရန်ကုန်ပြန်ဖို့အကုန်အဆင်သင့်ဖြစ်နေကြပြီ။ဒီနေ့မှာပဲရှားထက်စံကလဲရန်ကုန်ခနပြန်ဖို့မှာ။

“ထွေး မောင်ပြန်လာခဲ့မယ် စောင့်နေနော်သုံးရက်လောက်ပဲ”

“ကယ် သွားမှာရှိတာကိုသွားပါ ဘယ်လိုဖြစ်နေတုန်း”

သွားဖို့အရေးနောက်ဆံတင်းနေတဲ့ရှားထက်စံ၊
ကြီးမေတခါထဲဆရာဝန်တွေနဲ့လိုက်သွားဆို“ထွေးကိုစိတ်မပူစေချင်ဘူး”တဲ့။

ထွေးကရှားထက်စံကိုဘူတာထိလိုက်ပို့မယ်ပြောတော့“အပြန်စိတ်မချဘူး”ဆိုလို့လိုက်မပို့ရပါ။

ရှားထက်စံအိမ်ရှေ့ကနေနွားလှည်းစီးကာဘူတာကိုထွက်သွားခဲ့ပြီ။မျက်စိရှေ့ကနွားလှည်းလေးပျောက်သွားမှအိမ်ထဲဝင်မို့လုပ်တော့ ကြီးမေကလှမ်းကာအော်ခေါ်တယ်။

ကြီးမေတို့အိမ်ဘက်ကိုထွေးကူးသွားလိုက်သည်။ကြီးမေကပြုံးပြုံးလေးနဲ့ကွပ်ပစ်မှာထိုင်ဖို့ပြောတယ်။ဘဘကြီးလဲရှိသည်။ဘဘကြီးကထုံးစံအတိုင်းကွမ်းစားဖို့ကွမ်းသီးညှပ်နေသည်။

“ထွေးကို ကြီးမေပြောစရာရှိတယ် ၊ ထွေးသိထားသင့်တယ်လို့ကြီးမေထင်လို့”

“ဟုတ်ပြောပါကြီးမေ”

အရင်ကထက်ပိုပြီးတည်ငြိမ်လာတဲ့ထွေး၊ကြီးမေပြောမယ့်အကြောင်းဟာရှားထက်စံတို့မိသားစုအကြောင်းဆိုတာထွေးသိသည်။

“သားငယ်က ကြီးမေကိုလာပြောတယ်ဟိုနေ့က သူကထွေးကိုချစ်တယ်တဲ့လေ၊ဒါပေမယ့်သူ့အမေကသဘောတူမှာမဟုတ်ဘူးထွေး ၊ အခုရန်ကုန်ပြန်တတ်သွားတာလဲ သူ့အမေကိုဒီကိစ္စအကြောင်းသွားပြောတာနေမယ် ၊ ကြိမ်းသေသလောက်ကတော့သူထွေးကိုရွေးလိမ့်မယ်”

ဖြေးဖြေးနဲ့ပုံမှန်ပြောသွားတဲ့ကြီးမေရဲ့စကားအဆုံးမှာထွေးပြုံးမိပါတယ်။ထွေးကကြီးမေအိမ်ရှေ့က ပိတောက်ပင်အိုကြီးကိုအချိန်အ‌တော်ကြလှမ်းလို့ငေးနေတယ်။

ထွေး [COMPLETE] Onde histórias criam vida. Descubra agora