အပိုင်း[၁၁]

2.8K 321 12
                                    

Unicode

“ဖယ်ဟာ လာမကိုင်နဲ့ ငါဖျားတာမောင့်ကြောင့်”

ထွေးတစ်ယောက်ပြန်ဖျားနေပြန်သည်။မနက်ထဲကရှားထက်စံကိုလုံးဝအနားကပ်မခံ။

ကုတင်ပေါ်တတ်လာရင်ကန်ချမယ်ဆိုလို့ရှားထက်စံဘေးမှာသာမတ်တပ်ရပ်နေရသည်။

“ဆေးသောက်ရမယ်လေ ထွေးရာ”

“သွားဟာ အိပ်အုံးမှာ သောက်ချင်တဲ့ချိန်မှသောက်မယ်”

စောင်ပုံထဲခေါင်းမဖော်ပဲကန့်လန့်တိုက်နေတဲ့ထွေးကိုရှားထက်စံတကယ်မနိုင်တော့။

စောင်ကိုခေါင်းအစခြေအဆုံးလုံအောင်ခြုံထားပြီးကွေးနေတဲ့ထွေးကရှားထက်စံတစ်ပွေ့စာပဲရှိသည်။

“အ”

“ညိမ်ညိမ်နေနော်ထွေး ပြုတ်ကျမယ်”

“အဟင့်......ဟင့်.....”

“ဘာဖြစ်တာလဲ ထွေး”

ထွေးကိုကောက်ပွေ့ချီကာအပြင်ကိုထွက်လာရင်းဒုတ်ခနဲဆိုတဲ့အသံလေးထွက်လာတာကြားလိုက်မိသည်။မကြာပါဘူးထွေးစငိုပါလေရော။

‌ခုံမှာထိုင်ရင်းထွေးမျက်နှာလေးအတင်းဖယ်ကြည့်တော့မျက်ရည်တွေကစိုရွဲလို့လက်ကလဲသူ့ခါးကိုနောက်ပြန်ပွတ်နေသည်။

“မောင် တောင်းပန်ပါတယ် ထွေးရယ် ၊ အရမ်းနာသွားတယ်မလား ၊ ‌မောင်လုပ်ပေးမယ်   အ.....”

ထွေးတစ်ယောက်ရှားထက်စံရင်ဘက်ကိုထုကာအော်ငိုနေသည်။ထုလို့နာတာထက်ထွေးငိုတော့ရှားထက်စံဘာလုပ်ရမှန်းမသိတော့။

မျက်နှာလေးကိုရှုံ့မဲ့လို့ငိုနေတာထွေးကိုရှားထက်စံလှုပ်မရအောင်ဖက်ကာမျက်ရည်တွေသုပ်ပေးရင်းခါးကိုလဲပွတ်ပေးနေသည်။

“မောင် ငါ့ကိုမချစ်တော့လို့...ဟင့်...အဲ့လို့ကြမ်းကြမ်းတမ်းတမ်း...ဟင့်...လုပ်တာမလား...........”

“မဟုတ်တာ ၊ မောင်ကဒီတိုင်းမချီလိုက်တာထွေးရုံးမှာဆိုးလို့လေ ၊ မချစ်ပဲနေပါ့မလား ထွေးရယ်”

မိခင်တစ်ယောက်လိုထွေးကိုရင်ခွင်ထဲထည့်ကာမျက်ရည်တွေကိုသုတ်ပေးနေသည်။ထွေး မျက်လုံးနဲ့နှာခေါင်းတွေပါနီရဲတတ်နေပြီ။

ထွေး [COMPLETE] Nơi câu chuyện tồn tại. Hãy khám phá bây giờ