အပိုင်း[၇]

2.6K 243 0
                                    

Unicode

မိခင်ဖြစ်သူအပမိတယ်ဆိုကာထွေးမှာချက်ချင်းဆရာတွေခေါ်ကာပြပေးနေသည်။

ဂုဏ်မောက်လွန်းတဲ့အမျိုးသမီးကားမမုန်းသူရှိမယ်တဲ့လား။မနက်ထဲကထွေးမှာဆရာခိုင်းသမျှကိုထောက်လျှောက်လုပ်ပေးနေရှာသည်။

ထွေးတစ်ယောက်ထဲပင်ပန်းမှာဆိုးလို့ရှားထက်စံကျောင်းမသွားဘူးလုပ်တော့ထွေးကလက်မခံပါ။

အပနှင်တဲ့ဆရာကဒေါ်ထားရည်ကိုအဆောင်လက်ပတ်လေးဝတ်ပေးခဲ့သည်။ဒေါ်ထားရည်ရဲ့အကျီီနှင့်ထမိန်အားမီးရှို့ကာလက်သည်းတို့ကိုပါတခါထဲညှပ်စေသည်။

အထူးအဆန်းတွေမြင်နေရတဲ့ရှားယွန်းလွှာလေးဖို့ကတော့အံ့အောစရာအလား။

“‌နောက်နှစ်ရက်လောက်နေရင်နလထလာလိမ့်မယ်”

“ဟုတ်ကဲ့ကျေးဇူးပါဆရာ”

ကုသမှုအဖိုးအခကိုလဲထွေးပဲပေးခဲ့သည်။ထွေးဒေါ်ထားရည်အားကြည့်ကာခေါင်းခါမိပါရဲ့။

အခန်းထဲမှာမိခင်ဖြစ်သူနဲ့ကျန်နေခဲ့ရှားယွန်းလွှာ ။ ထွေးကအောက်ထပ်ကိုဆင်းလာပြီးမီးဖိုခန်းထဲဝင်သွားသည်။

စာပွဲပေါ်မှာချက်ထားသည်ကဆုံပေမယ့်ရှားထက်စံ  စားမှာမဟုတ်မှန်းထွေးသိသည်။

အသီးအရွက်ခြင်းထဲကသခွားသီးကိုထုတ်ပြီးအခွံနွှာလိုက်တယ်။ပြီးတော့အသားကိုပါးပါးလေးတွေခြစ်ကာပုဇွန်ခြောက်မှုန့်၊အချို့မှုန့်၊ဆားကျန်တဲ့အရသာတွေထည့်ကာသုပ်လိုက်သည်။

“ကိုကို”

“ပြောလေ ယွန်း”

“အဲ့ဒါဘာလဲဟင် ဗိုက်တောင်ဆာလာပြီ”

“စားတော့လေ”

ရှားယွန်းလွှာထမင်းစားပွဲဝိုင်းမှာဝင်ထိုင်ကာအဆင်သင့်ပြင်ထားတဲ့ထမင်းပန်းကန်ထဲထွေးသုပ်ထားတဲ့သခွားသီးသုပ်အားထည့်စားနေသည်။ထွေး ပန်းကန်လုံးလေးတစ်လုံးယူလာကာရှားထက်စံဖို့ဖယ်ထားရသေးသည်။

“ကိုကိုရောမစားဘူးလား”

“မီးငယ်နင်အဲ့ကိုကို ကိုကိုဆိုတာကြီးကိုပြင်စမ်း ကြားရတာကန့်လန့်နဲ့”

ထွေး [COMPLETE] Donde viven las historias. Descúbrelo ahora