အပိုင်း[၁၅]

2.5K 286 6
                                    

Unicode

[ ဖတ်ပြီးvoteပေးရင်တစ်ပိုင်းကိုvote၁၀၀လောက်ရတယ်:") / ဘဘကြီးသားသမီးတွေမို့ဖတ်ပြီးvoteမပေးတာလားဗျ -_- / အဘသားသမီးတွေဆိုကျမရေးတဲ့စာကိုမဖတ်ကျပါနဲ့! ]

•••••••••••••••••••••••••••••••••••••••••••••••••••••••

“ဘာ မဂ်လာဆောင်မယ် လာနောက်နေတာလား ကြီးမေ ၊ မီးငယ်ဒီဖိတ်စာကို ကိုကိုကို့ဘယ်လိုပြရမလဲ”

မနက်စောစောစာတိုက်မှတဆင့်ရောက်လို့လာတာဖိတ်စာနှစ်ဆောင်။ကြီးမေနဲ့ဘဘကြီးနာမည်ကတစ်ဆောင် ၊ ပိုင်ထွေးဆိုတဲ့စာဆောင်ကတစ်ဆောင် ဖိတ်စာကိုကြည့်လို့ငိုချင်နေသူဟာလွှာ။

ထွေးဆီမရောက်သေးတဲ့ဖိတ်စာကိုကိုင်လို့ပေးရမလား ဖြဲရမလား ဝေခွဲမရဖြစ်လို့နေသည်။အကိုဖြစ်သူကိုအသုံးချပြီးမိခင်မကောင်းကြံမှန်းလဲ‌လွှာသိသည်။

“သွားပေးလိုက် ဖြစ်လာမယ့်ကိစ္စကို‌ကြည့်နေရုံကလွဲလို့မရှိဘူး”

ဘဘကြီးကခပ်တည်တည်ဖြင့်ဝင်ပြောလာသည်။ဖိတ်စာကြီးကိုင်ကာလွှာနဲ့ပိုးအိငိုချင်လို့လာသည်။နှစ်ယောက်သားဖိတ်စာလေးကိုင်ကာ ထွေးအိမ်ဘက်ကူးလာကြတယ်။

ဘုရားရှစ်ခိုးနေတဲ့ထွေးကိုနောက်ကနေကြည့်ကာငိုချင်နေသည့်လွှာ ၊ ဘယ်လိုမျှမအောင့်နိုင်တဲ့အဆုံးငိုသာချလိုက်သည်။

ငိုသံကြားလို့လှည့်ကြည့်တော့လွာနဲ့ပိုးအိ ၊ ပိုးအိကငိုမဲ့မဲ့နဲ့ ထွေးသူတို့နှစ်ယောက်လုံးကိုကြည့်ကာ အလန့်တကြားမေးလာသည်။

“ဘာဖြစ်တာလဲ”

လက်ထဲကဖိတ်စာကိုမရဲတရဲလှမ်းလို့ပေးတော့ထွေးယူကာဖွင့်လိုက်သည်။ဖိတ်စာဟာမဂ်လာဖိတ်စာမှန်းသူသိလိုက်သည်။

ဖွင့်နေရင်းလက်တွေတုန်လာကာ စိတ်ကိုတင်းကာဖွင့်ဖတ်လိုက်တယ်။မြင်လိုက်ရတဲ့နာမည်ကိုမြင်ကာခေါင်းတဆက်ဆက်ခါလို့ရယ်နေသည့်ထွေး။

လွှာနဲ့ပိုးအိ ထွေးကိုကြည့်ကာပိုလို့ငိုကြရသည်။စိတ်လွတ်သွားသလိုရယ်ရင်းမျက်ရည်တွေကျနေသည့်ထွေးကဖိတ်စာကိုရင်ဘက်မှာကပ်လို့ မဟုတ်ဘူး လို့ဆိုကာတဖွဖွပြောနေသည်။

ထွေး [COMPLETE] Onde histórias criam vida. Descubra agora