အပိုင်း [၁၈]

2.1K 158 1
                                    

Unicode

“‌အဲ့တော့ နင့်ယောက်ျားကခြံမှာအလုပ်သွားလုပ်တယ်ပေါ့.....ဟား ဟား”

“ဖြေးဖြေးရယ်....မေးလဲစိမရပဲဖြစ်သွားအုံးမယ်”

မနက်ထဲကအိမ်ရောက်နေတဲ့ပိုးအိ ၊ ရှားကတော့သူဒီနေ့ကစပြီးခြံမှာအလုပ်လုပ်မယ်ဆိုကာထွက်သွားသည်။အနားကထွက်မသွားရင်ပြီးရောဆိုကာဒီတခါတော့ထွေးခွင့်ပြုခဲ့သည်။

အိမ်လာတဲ့ဧည့်သည်ကိုလက်ဖက်နဲ့ဧည့်ခံရသည်။ပုဇွန်ခြောက်ပါထည့်ပေးဖို့အစစ်ပြောသေး။ထွေးသိပ်တော့အလိုမကျ သူသုပ်ကျွေးတဲ့လက်ဖက်ကိုစားပြီး သူ့ယော်ကျားကိုလှောင်နေသည်ကို။သူငယ်ချင်းဆိုတော့ စိတ်တော့မဆိုး။

“မီးငယ်လဲမလာဘူး”

လွှာ့အကြောင်းပြောတော့ပိုးအိစားနေတဲ့လက်ဖက်ကိုတောင်ရပ်လိုက်သည်။လွှာဆိုတဲ့အမျိုးသမီးလေး သူ့ကိုပြောခဲ့သည့်စကားတွေဟာအခုချိန်ထိရင်ထဲမှာရှိနေတုန်း။

“သူ့အမေကြီး ဒေါသထွက်နေရောပေါ့”

“သေချာတာပေါ့”

ရှားဘက်ကမြှားခေါင်းကိုပြောင်းပြန်လှည့်ဒေါ်ထားရည်ဘက်ကိုဦးတည်လာကြတယ်။ဒေါ်ထားရည်အကြောင်းကိုစီကာပတ်ကုန်းပြောပြနေတဲ့ထွေးနဲ့ ပြောသမျှ‌နားထောင်ကာခွန်းတုန့်ပြန်တဲ့ပိုးအိ လိုက်နေရော။

ပိုးအိကိုစကားပြောလိုက် အနောက်ဖေးဟင်းအိုးပြေးကြည့်လိုက်နဲ့အလုပ်ရှုပ်နေတဲ့ထွေး နှစ်ယောက်သားတွေ့ရင်ပြောစရာတွေဟာမကုန်နိုင်။ မိန်းကလေး‌တို့သဘာဝအရပိုးအိကအတင်းတော့ပြောတတ်သည် သို့ပေမယ့် လူတစ်ဖက်သားရဲ့အကြောင်းကိုလိုတာထက်ပိုပြီးတော့ တော့မပြောတတ်၊ သူပြောသမျှနားထောင်ပေးဖို့ကတော့ထွေးတာဝန်ပေါ့။

“နင်သူ့ကိုထမင်းချိုင့်သွားပို့မှာမလား”

“အေး...သူမှပြန်မလာတာ”

“အမလေးနော်....ကိုတင်ဖေ ကို့တောင်သတိရချင်သွားပြီငါ”

“ဟဲ့....သတိရရင်လိုက်သွား”

ကိုတင်ဖေဆိုသူကဆယ်တန်းကျောင်းသားဘဝကပိုးအိကိုပိုးခဲ့သူ ၊ ထမင်းစားချိန်ဆိုအမြဲသူရောက်ရောက်လာပြီးပိုးအိအတွက်ထမင်းချိုင့် ၊ မုန့်ကအစလာပို့တတ်သည်။ပိုးအိ ပြန်မကြိုက်တော့သူ့မှာအသည်းတွေကွဲပြီးကျန်ခဲ့ရတာပေါ့ ၊ ပိုးအိကအခုချိန်ထိရည်းစားလဲမထားဘူး ၊ ဘယ်ယောက်ျားကိုမှလဲရင်မခုန်ခဲ့သူ လွှာနဲ့တွေ့မှသူ့နှလုံးသားလေးနည်းနည်းတော့နိုးချင်လာသည်။

ထွေး [COMPLETE] Onde histórias criam vida. Descubra agora