အပိုင်း[၆]

2.8K 255 4
                                    

Unicode

ထွေးဟာရှားထက်စံဆိုတဲ့အမျိုးသားကိုဘယ်လောက်ချစ်သလဲမမေးနဲ့။ခြံဝယ်တဲ့စာချုပ်မှာရှားထက်စံနာမည်နဲ့။

ရှားထက်စံဒီနေ့ညနေရန်ကုန်ပြန်ရမည်။သဘက်ခါကျောင်းတွေပြန်ဖွင့်တော့မှာမို့မခွဲချင်လဲခွဲရမည်လေ။ထွေးကအဝတ်တွေမီးပူတိုက်ကာသပ်သပ်ရပ်ရပ်လေးထည့်ပေးပြီးသူ့အတွက်မုန့်ဖိုးလဲထည့်ပေးထားသည်။အဖွားအိမ်မှာနေမယ်ဆိုကာအဆောင်ခကိုပြန်ပေးရှာတယ်။

“မောင်”

“......”

“ထမင်းကိုပုံမှန်စားနော် စာလဲသေချာလုပ် ကျန်းမာရေးလဲဂရုစိုက် ရောက်ရင်လဲစာပို့အုံး ကြားလား”

“......”

မနက်ထဲက ထွေးကိုကောက်နေချင်း၊မခွဲချင်လို့ကျောင်းမတတ်တော့ဘူးပြောတာကိုထွေးကမရဘူးတတ်ရမယ်ဆိုလို့စကားမပြောပဲဆူပုတ်ကာဆန္ဒပြနေသည်။

“မောင်ကိုငါလဲမခွဲချင်ပါဘူး ဒါပေမယ့်ကျောင်းတော့တတ်ရမယ်လေ ၊ ၈လကျော်ပဲကြာမှာကို နော် လိမ်မာတယ် ထ”

ထွေးကြိုးစားပြီးချော့နေပေမယ့်ရှားထက်စံကပျော့မလာပါ။ရှားထက်စံတစ်ယောက်ဘာမှမပြောပဲထိုင်နေရာမှထကာအခန်းထဲဝင်အဝတ်စားလဲပြီးပြန်ထွက်လာသည်။

“သွားတော့မယ်”

“ညနေမှလေ မောင်”

“ရတယ် မနက်ရထားနဲ့စီးသွားလိုက်မယ်”

မောင်တကယ်‌ကျုပ်ကိုစိတ်ဆိုးသွားတာပါ။အထုတ်ဆွဲပြီးထွက်သွားတာမှပြန်တောင်လှည့်မကြည့်ဘူး၊ကျုပ်ကိုတခါလေးတောင်မဖက်သွားဘူး။

အိမ်ရှေ့အပေါက်ကနေရပ်ကြည့်နေရင်းထွေးမျက်ရည်တွေကျလာတယ်။၈လကျော်တောင်ခွဲရမှာနေနိုင်တယ်ဆိုတာရှိပါ့မလား။

စိတ်ဆိုးကာထွက်လာပေမယ့်လဲနောက်ကိုပြန်လှည့်ကြည့်ချင်ပါသည်။ဒါပေမယ့်ပါးထက်မျက်ရည်တွေစိုရွဲနေတာကြောင့်လှည့်မကြည့်ဖြစ်ခဲ့။

လမ်းတဝက်ကနွားလှည်းငှားကာဘူတာကိုစီးသွားလိုက်သည်။ကျန်နေခဲ့တဲ့လမ်းတွေကိုငေးကာစိတ်မခိုင်စွာမျက်ရည်တို့ကကျလာပြန်ရော။

ထွေး [COMPLETE] Where stories live. Discover now