ep1

1.9K 84 2
                                    

'' မျက်ကွင်းတွေညိုမဲနေပါလား ရှေ့နေကြီး တညလုံးမအိပ်ပဲအမှုတွေစစ်နေပြန်ပြီလား?''

တရားရုံးသွားတဲ့လမ်းမှာ မျက်ကွင်းညိိုညိုဖြင့်အားသန်းနေသော ရှေ့နေမင်အား စုံစမ်းရေးမှူးကင်မှ ပြောလိုက်လေသည်။

'' မနေ့ညက ငါ့လက်ထောက် အမှုတခုသယ်လာလို့ ။အဲ့တာတညလုံးမအိပ်ပဲ သက်သေရှာနေတာ ဝါး......အခုထိမအိပ်ရသေးဘူး ''

''အလုပ်လျော့လုပ်ပါဆိုနေ ဒီလိုကြိုးစားနေလို့လည်း လစာပိုမရဘူး ။ အဲ့အစား ရှေ့နေရုံးမှာအလုပ်လုပ်ပါလား...။ တခြားရှေ့နေတွေဆိုတိုက်နဲ့ကားနဲ့ဖြစ်နေပြီ ''

''ကျွန်တော်သိပါတယ်။ ''

''သိတယ်လို့ပြောတာ ဘယ်နှခေါက်ရှိနေပြီလဲ ပြီးတော့လည်း အခမဲ့ရှေ့နေလိုက်ပေးနေတော့တာပဲ ''

''သိပါပြီ ကင်ထယ်ယောင်းရယ် ငါသွားလိုက်ဦးမယ်.... ။ မင်းလည်းအလုပ်ရှိတယ်မလား ငါ့ကိုဒီလောက်ပဲလိုက်ပို့တော့ ပြန်တော့''

'' ညနေကျရင် လာခဲ့မယ်မလား ''

''အေး ကားငှားပြီးလာခဲ့လိုက်မယ် ''

ဆိုကာ ရှေ့နေမင်တယောက် ကင်ထယ်ယောင်းကိုလမ်းခုလတ်မှာထားခဲ့ကာ တရားရုံးဆီကိုအမြန်ပြေးလာခဲ့တယ်။

ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ ဘွဲ့ရလာတဲ့သူတို့နှစ်ဦးဟာ သူငယ်ချင်းအရင်းကြီးတွေဖြစ်တယ်။ ငယ်ငယ်ကတည်းကအိမ်နီးချင်းတွေဖြစ်ပြီး ခင်မင်ရင်းနှီလာခဲ့တာ ဆယ်စုနှစ်တိုင်ခဲ့ပြီပေါ့။ နှစ်ယောက်လုံးကအလုပ်ကြိုးစားပြီးသာမန် ရပ်ဝန်းမှာနေထိုင်ကြတဲ့ အစိုးရဝန်ထမ်းများဖြစ်ကြသည်။
ကင်ထယ်ယောင်းဆိုတဲ့ စုံစမ်းရေးမှူးကလည်း အမှုမှန်သမျှကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်တဲ့ ဌာနခေါင်းဆောင်တဦးဖြစ်သည်။မင်ယွန်ဂီကတော တရားလွှတ်တော်ရှေ့နေတယောက်ဖြစ်ပြီး အမှုမှန်သမျှအရှုံးမရှိ ရှေ့နေလောကမှာနာမည်ရသူတဦးဖြစ်သည်။

တရားစီရင်ပြီးတဲ့နောက်မှာတော့မိမိပစ္စည်းများကို သိမ်းယူနေတုန်းမှာပဲ...

'' ရှေ့နေမင်...''

''ရှေ့နေဆော ဟုကဲ့ ဘာကိစ္စရှိလို့လဲ ''

My Gorgeous BoyfriendWhere stories live. Discover now