ep21

301 41 1
                                    

ညနေခင်း ဖုန်းပြောဖို့အတွက် တောင်ပေါ်တက်လာခဲ့ကြတယ်၊ တောင်ပတ်လမ်းကနေနှစ်ယောက်အတူ တက်လာခဲ့ကြသည်၊

အဝါနုရောင်ဟိုဒီ ခေါင်းစွပ်ကို ဘောင်းဘီအပွတိုနဲ့တွဲဝတ်ထားပြီးလက်နှစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲလျိုထားပြီးလျှောက်လာခဲ့သည့် မင်ယွန်ဂီ၊

သူ့ရှေ့မှာတော့
စတိုင်ပန့်ဘောင်းဘီကို ရှပ်အဖြူနဲ့တွဲဝတ်ထားတဲ့နတ်သားပမာ အမျိုးကောင်းသားလေး၊

တချက်ချက်အနောက်ကနေ လိုက်လာသောမိမိကိုမသိမသာလေးစောင့်ပေးဖို့
လမ်းတဝက်မှာရပ်ရပ်ပေးတတ်သည်၊

တောင်ပတ်လမ်းတလျှောက်ဖူးပွင့်နေတဲ့ဒေစီပန်းခင်းကြီးဟာ ဖြူဖွေးလို့လှပနေသည်၊

သူတို့လာနေတဲ့နေရာကနေမြင်ရတဲ့တောင်ပေါ်ကမီးပြတိုက်ကြီးဟာလည်း မြင့်လို့ကြည့်ကောင်းလို့ပါပင်၊

မီးပြတိုက်ကြီးရဲ့မနီးမဝေးလေးမှာ
မယ်ပယ်ပင်ကြီးတပင်လည်းရှိသေးသည်၊တရုတ်စကားပန်းပင်ရယ်၊ အမည်မသိညောင်ပင်ကြီးတပင်ရယ်၊

နွေရာသီဝင်လာပြီမို့လို့ နွေလေနွေးနွေးလေးဟာလည်ပင်းတဝိုက် ဖြတ်သန်းလို့သွားသည်၊

မင်ယွန်ဂီခြေလှမ်းတို့ကိုခပ်မြန်မြန်လျှောက်ပြီး ဂျောင်ဂုရဲ့ဘေးနားမှာရပ်လိုက်သည်၊သူတို့ရဲ့အရပ်က မသိမ်းမယိမ်းလေးပါပင်၊
ယွန်ဂီရဲ့အသားအရည်ကနှင်းဖတ်လေးလိုဖြူဥနေပြီးဂျောင်ဂုရဲ့ လက်လေးတွေဟာ
နွေရာသီရဲ့ နေခြည်လေးနဲ့ပင်တူညီစွာနွေးထွေးနေသည်၊

'' ဘယ်တက္ကသိုလ်တက်ဖို့စဥ်းစားထားလဲ?''

ဂျောင်ဂုက အရှေ့ကိုသာကြည့်ရင်းပြောလာသည်၊မင်ယွန်ဂီကတော့ အနှီလူသားအားမော့ကြည့်လျက် လက်နှစ်ဖက်ကိုဆုပ်ချေကာ

'' ဥပဒေကျောင်း ''

'' အမှုစစ်!?''

'' မဟုတ်ဘူး ရှေ့နေ ၊ ရှေ့နေလုပ်မယ်''

'' ကောင်းပါတယ် ရှေ့နေလုပ်တာက မင်းနဲ့လိုက်ပါတယ်၊ ''

'' ကျွန်တော် ဘွဲ့ယူတဲ့နေ့ကျရင် ခင်များအတူလိုက်မလား? ''

My Gorgeous BoyfriendWhere stories live. Discover now