Ep27

285 31 2
                                    

'' ပိုပြီးအသေးစိတ်ပြောပြပေးလို့ရမလား ကျောင်းသား''

'' ကျွန်တော်ဒီကိုရောက်တော့ အပေါ်ထပ်ကလူတယောက်ထွက်ပြေးသွားတာကိုမြင်လိုက်ပါတယ်၊ ''

စိတ်လှုပ်ရှားပုံမပေါ်ပဲနဲ့တည်တည်ငြိမ်ငြိမ်ပြောပြနေတဲ့ကျောင်းသားကြောင့်
စုံထောက်က နည်းနည်းအံသြပေမယ့်ကောင်လေးပြောသမျှကိုလိုက်ရေးနေတယ်၊

'' ကျောင်းသားကဘာလို့ဒီကိုလာတာလဲ၊သေဆုံးသူတွေနဲ့ဘာတော်စပ်လဲ''

'' အလယ်တန်းတုန်းကသူငယ်ချင်းတွေပါ၊သိပ်မကြာခင်ကမှအဆက်အသွယ်ရခဲ့တာ''

'' နောက်ဆုံးအဆက်အသွယ်ရခဲ့တာကဘယ်ရက်လဲ''

''လွန်ခဲ့တဲ့တပတ်ကမှပါ''

သူတို့အခန်းရှေ့မှာစကားပြောနေတုန်းအခင်းဖြစ်ရာနေရာကို စုံစမ်းရေးမှူးတွေရောက်လာခဲ့တယ်၊ဒါကိုမြင်တော့စုံထောက်ကကောင်လေးကိုကျော်ပြီးစုံစမ်းရေးမှူးတွေဆီကိုလျှောက်သွားလိုက်တယ်၊

ယွန်ဂီကအနောက်ကိုလှည့်ပြီးကြည့်လိုက်တော့ မျက်တောင်လေးမသိမသာခပ်လိုက်မိတယ်၊ မတွေ့ရတာကြာပြီဖြစ်တဲ့မျက်နှာလေးပါပဲ၊

'' ဘယ်လိုဖြစ်တာလဲ ဟွန်းဆူ''

'' လူသတ်မှုပါဆရာ၊ အုပ်စုလိုက်သေနတ်နဲ့ပစ်ခံလိုက်ရတာ''

'' သံသယရှိသူရော၊မျက်မြင်သက်သေရောရှိလား''

''ဒီနားမှာက စီစီတီပီမရှိတော့သံသယရှိသူရဲ့ပုံစံကိုမသိနိုင်ဘူးဆရာ၊ဒါပေမယ့်
အနားမှာစတိုးဆိုင်တဆိုင်တော့ရှိတယ်၊အဲ့ကစီစီတီပီမှတ်တမ်းကိုတောင်းခိုင်းထားပါတယ်၊ မျက်မြင်သက်သေကတော့ ဟိုကောင်လေးပါ''

''ငါသွားတွေ့လိုက်မယ်''

ထိုလူကသူ့အနားကိုကပ်လာလေလေ
ခုန်အုပ်ပြီးဖက်လိုက်ချင်တယ်၊ကျောကိုပုတ်ပြီးငါကမင်းရဲ့ဘော်ဒါကြီးပါဆိုပြီးအော်လိုက်ချင်မိတယ်၊မတွေ့ရတဲ့အတောအတွင်းထယ်ယောင်းကမျက်နှာလည်းချောင်ကျသွားသလို အရင်ကတွေ့နေကျလိုပုံစံမျိုးမဟုတ်တော့ဘူး၊နှုတ်ခမ်းမွှေးတွေကလည်းပိုရှည်လာတယ်၊ ဒီကောင်လုံးဝလူအိုကြီးလိုဖြစ်နေတာပဲ၊

My Gorgeous BoyfriendWhere stories live. Discover now