ep16

292 39 1
                                    

ညအချိန်.....

ပင်မစံအိမ်ကြီး၏ ဘေးအိမ်၊ ကျယ်ဝန်းလှတဲ့ခြံကြီးရဲ့ ဘေးဘက်၊

တောင်စောင်းမှာတည်ရှိပြီးလူနေအိမ်များနဲ့ဝေးကွာသည်၊ resort လိုခြံကြီးမျိုး၊

ပင်လယ်သံတွေလည်းကြားနေရပြီးလှိုင်းခတ်သံတွေပါကြားရတဲ့ထိုညဟာအေးချမ်းလွန်းသည်၊

တကယ်မအေးချမ်းတဲ့နေရာကတော့ထိုဘေးစံအိမ်မှာပင်၊

မာဆာရှီနဲ့သူ့အဖွဲ့သုံးယောက်ဟာ
အမဲရောင်အိတ်ရှည်ကြီးတလုံးကိုသယ်လာခဲ့ကြသည်၊

လေးလည်းလေးပြီး ကြီးလည်းကြီးတဲ့ထိုအိတ်မှာဘာများရှိမည်လဲ?

ထိုအိတ်မဲကြီးကိုလူနှစ်ယောက်သယ်ကာမာဆာရှီကတော့အရှေ့ကနေဦးဆောင်သွားနေပြီး စီးကရက်ကိုခဲလျက်၊

ဧည့်ခန်းဟုထင်ရတဲ့ ကျယ်ပြန့်ပြီးရှင်းလင်းတဲ့နေရာကိုရောက်တော့ထိုအိတ်မဲကြီးကိုပစ်ချလိုက်သည်၊

အိတ်ကြီးကိုကြိုးဖြေလိုက်သည်၊

အိတ်ကြီးကိုကြည့်ပြီးဆိုဖာပေါ်ထိုင်နေသည့်သူမှာဂျောင်ဂုသာ၊

ဂျောင်ဂုသည် အိပ်ယာဝင်အကျီဝတ်ထားသည်၊ ပေါင်လောက်ရှိတဲ့ဘောင်းဘီတိုအပွနဲ့ တီရှပ်ဝတ်ထားပြီး၊အပေါ်ကနေ ပါးလွာသောလက်တိုအပေါ်ဖုံး ကိုဝတ်ထားလျက်၊ ရမ်အရက်ကိုသောက်နေသည်၊

အိတ်ကြီးဟာတဖြေးဖြေး လှုပ်ရမ်းလာပြီးတစုံတခုဟာ ယိုးတို့ယိုးတဖြင့်ထွက်လာသည်၊

'' Welcome marshayan''

အနှီသူမှာပြန်ပြီးနှုတ်ခွန်းတ၍မရပါချေ၊သူ၏ပါးစပ်တို့ဟာသွေးတွေပေပွနေပြီး
အဝတ်စုတ်ကို ပါးစပ်ထဲထိုးထည့်ပေးထားသည်၊
လက်ကိုလည်းနောက်ပြန်ကြိုးချည်ထားလျက်၊ မျက်နှာတွေဟာလည်းဖူယောင်ပြီး
သွေးတွေစို့နေသည်၊

'' ဧည့်သည်တော်ကိုကြိုးဖြေပေးလိုက်ပါဦး စကားစမည်ပြောကြတာပေါ့ ''

ဂျောင်ဂုပြောတော့မာဆာရှီရဲ့တပည့်တယောက်က ကြိုးဖြေပေးလိုက်သည်၊
မာဆာရှီရဲ့ဘေးမှာတော့သူ၏လက်ထောက်ဆာရာနာကရပ်နေသည်၊ သူမသည်မျက်နှာအမူအယာမရှိပဲရပ်နေသည်မှာသူ၏သခင်အတိုင်း၊

My Gorgeous BoyfriendWhere stories live. Discover now