ဆေးရုံကဆင်းတော့
သူနေတဲ့အိမ်ဆိုပြီး ထိုက်ဖုန့်က လိုက်ပို့သည်။အိမ်ကြီးက အနက်ရောင် အပြည့်နဲ့ မကောင်းတဲ့ ခံစားချက်မျိုးတန်းရနိုင်တဲ့အိမ်မျိုးဖြစ်တယ်။ ခြံဝန်းမှာလည်း ဘာပန်းမှစိုက်ထားခြင်းမရှိပဲ လောလောလတ်လတ်မီးရှို့ထားသည်။ ခြံတခုလုံးပြောင်ခါနေပြီး ပြာနံ့ခပ်စူးစူးတို့ကို အနံ့ရသည်။''သခင်လေး''
''ဟင် ''
'' အပြင်မှာအေးတယ် အထဲအမြန်ဝင်ရအောင် ''
''ကောင်းပြီလေ ။ ''
သူကအရင်အိမ်ထဲကိုဝင်ပြီး
ထိုက်ဖုန့်ကနောက်ကနေ အိတ်သယ်လာပေးသည်။ ပစ္စည်းများများစားစားမဟုတ်ပဲ ကျောပိုးအိတ်တလုံးသာ။ ဆေးရုံကမဆင်းခင် သွေးစစ်ထားသည်မို့အားနည်းနေပါ၏။အိမ်ထဲကိုဝင်တော့လည်း
ခေါင်းပင်မူးသွားပါ၏။ဝင်လိုက်တာနဲ့အနက်ရောင် နံရံဆေးပန်းချီကားတွေကအပြည့်ပင်။'' ငါ့အခန်းကဘယ်မှာလဲ နားချင်နေပြီ''
''အပေါ်ထပ် ဒုတိယမြောက်အခန်းပါ ''
''ဟို...မင်းသူဌေးက ဘယ်သွားလဲ? မနက်ကတည်းကမတွေ့မိလို့ ''
''သူဌေးခရီးသွားတယ်။ ေနာက်တလနေမှပြန်လာမှာ ဒီအတောအတွင်း လိမ်လိမ်မာမာနေဖို့ပြောသွားပါတယ် ''
''ငါကခွေးလေးလား? အိမ်မွေးတိရစ္ဆာလား?
လိမ္မာနေဖို့ ပြောရအောင် ငါကကလေးလည်းမဟုတ် ''''သူဌေးပြောတဲ့အတိုင်းနေရင်ကောင်းမယ် မဟုတ်ရင်... ''
''မဟုတ်ရင် ဘာလဲ ၊ ''
အသံကျယ်နဲ့အော်လိုက်ပြီး
ထိုသူ၏လက်ထဲကမိမိအိတ်ကို ယူကာအပေါ်ထပ်ကိုတက်သွားလိုက်တယ်။အပေါ်ထပ်ဒုတိယအခန်းကိုဖွင့်လိုက်သည်။
တန်းမြင်ရတာကတော့ ကုတင်တလုံးနဲ့ ဆိုဖာထိုင်ခုံလေးတခုပင်။ထို့နောက်စားပွဲခုံအသေးနဲ့ ဗီဒိုကြီးတခုကိုပါတွေ့ရသည်။အခန်းကအတော်လေးကျယ်သည်။ ယခင်နေခဲ့ဖူးသောသူ၏အခန်းထပ်ပင်ကျယ်ပါ၏။'' သူများအခန်းမှာအိပ်ရမှာကတမျိုးပဲ ''
တခါမှ သူ၏အိပ်ယာနဲ့ခွဲဖူးသည်မရှိ။
သူများခွင့်ပြုချက်မရှိပဲနဲ့လည်း ပစ္စည်းတွေကိုလျှောက်မကိုင်ချင်။
ယွန်ဂီ၏ဘဝမှာ ငယ်ငယ်ကတည်းက ဘဝရည်မှန်းချက် ဝါသနာ တို့ကို ပလန်ချပြီးသားဖြစ်သည်။ ဒုန်းစိုင်းထလုပ်လိုက်တာထက် ကြိုတင်တွေးတောပြီးလုပ်ရသည်ကိုပိုနှစ်သက်ပါ၏။
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.