ep25

312 36 2
                                    

လေဆိပ်ကနေပြီး အိမ်ကိုပြန်လာတဲ့အချိန်ဖြစ်သည်၊ မော်ရိုကိုကကိစ္စတွေကိုမာဆာရှီနဲ့လွဲထားပြီး ဒီတခါကျရင်ပြသာနာမဖြစ်ဖို့ပိုသတိထားစေခဲ့တယ်၊ အရင်တခေါက်နယ်ခံရဲတွေကြောင့် လက်နက်တော်တော်များများပါသွားခဲ့တယ်၊အဲ့အတွက်ကြောင့်လည်းသူတို့လုပ်ငန်းမှာဆုံးရှုံးမှုများပြားသွားခဲ့တယ်၊

'' အချိန်နည်းနည်းတော့စောင့်ပေးရမယ်ထင်တယ် ၊ နယ်ခံရဲတွေကြောင့်ပစ္စည်းလဲဖို့က
လမ်းကျပ်နေပြီ ၊ ''

''(............)''

'' ကောင်းပါပြီ ကျွန်တော်အတတ်နိုင်ဆုံးမြန်မြန်ပို့ပေးပါ့မယ် ၊ ''

''(..........)''

''ကျွန်တော်တို့ဆက်ဆံရေးကိုခင်များလည်းသိတာပဲ ၊ ကျွန်တော်ဂတိတည်တဲ့လူပါ၊ ''

တဖက်လူကရစ်နေတာကြောင့်သူစိတ်မရှိတာတောင်အတင်းဆွဲဆန့်ကာရှင်းပြနေရတယ်၊
အခုတလော ရဲတွေတင်မကတော့ဘူး
FBI တွေကပါသူ့အလုပ်ကိုစောင့်ကြည့်နေကြပြီ၊ ဒီတလောသိုသိုတိတ်တိတ်နေမှ၊

ဖုန်းချလိုက်ပြီးတဲ့နောက်
မင်ယွန်ဂီကိုကြည့်လိုက်တယ်၊
လက်တော့ပ်ကိုအာရုံစိုက်နေတဲ့ယွန်ဂီဟာသူ့အားဂရုမစိုက်အားချေ၊ တစုံတခုကိုအာရုံစိုက်နေတဲ့အကောင်ပေါက်လေးရဲ့ မျက်နှာကချစ်ဖို့ကောင်းတယ်၊

'' ဒီလိုကျတော့လည်း အဲ့လူနဲ့တူလာတာပဲ''

''ဟင် ''

'' ဘာမှမဟုတ်ပါဘူး ၊ မင်းကိစ္စမင်းလုပ်''

'' ဘာဖြစ်တာလဲ နေမကောင်းဘူးလား ''

ယွန်ဂီကသူ့ဘက်လှည့်ပြီး နဖူးကိုမှန်းလိုက်လေသည်၊ နူးညံ့တဲ့အထိအတွေ့ကြောင့်
ယွန်ဂီရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး
ထိုကောင်လေးရဲ့ခန္ဓာကိုယ်ကိုသူ့ဘက်ဆွဲလိုက်တယ်၊

'' ဘာလုပ်တာလဲ ခင်များ''

'' မွ ''

'' ခင်များ! ''

'' ဘာကြည့်တာလဲ မင်းက ကိုယ့်ကောင်လေးပဲနမ်းလို့တောင်မရဘူးလား ၊ ဘာလဲ တရားစွဲမလို့လား ''

'' ငါတကယ်ရှေ့နေဖြစ်လာမှခင်များကိုအရင်ဆုံး တရားစွဲမှာ...''

My Gorgeous BoyfriendWhere stories live. Discover now