အပြင်ဘက်ကနေ လေတဖြူးဖြူးနဲ့တိုက်နေသည်ကိုခံစားမိသည်၊
အခန်းကတိတ်ဆိတ်တာကြောင့်
သူနာပြုကို တီဗီဖွင့်ထားခိုင်းသည်၊တီဗီကနေတဆင့်လာနေတဲ့သတင်းကတော့
သိကြတဲ့အတိုင်းပဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေထဲကနေတယောက်ဖြစ်တဲ့
ဂျွန်ဂျောင်ဂုရဲ့ တရားမဝင်လုပ်ငန်းတွေဖော်ထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီးအကြောင်းအရာတွေပဲဖြစ်တယ်၊မီလန်ရဲ့ ဓာတ်ငွေ့စက်ရုံကြီးရဲ့ပိုင်ရှင်ဟစ်စလာနဲ့ ညီဖြစ်သူဂျွန်ရဲ့နောက်ကွယ်ကတရားတဝင် လက်နက်ရောင်းဝယ်တဲ့အမှုကို
FBIကသက်သေအရဖမ်းမိပြီး
ဟစ်စလာနဲ့အတူမိသားစုဝင်တွေကိုပါစစ်ဆေးမေးမြန်းနေပါကြောင်း သို့လောသို့လောသတင်းတွေကိုကြားနေရသည်၊ထိုသတင်းတွေကိုနားထောင်နေရင်း
အခန်းထဲကိုလူတယောက်ဝင်လာမှန်းသိလိုက်ရသည်၊ ရှူးဖိနပ်မည်သံကြောင့်
ယောက်ျားသားတယောက်မှန်းလည်းသူသိသည်၊ အခုချိန်မှာရောက်လာနိုင်တဲ့သူက
သူခန့်မှန်းထားတဲ့အတိုင်းပါပဲ၊'' ဒေါက်တာပြောတော့ မင်းဆေးတွေမသောက်ပြန်ဘူးဆို ''
'' ဘာကိစ္စနဲ့ပြန်ရောက်လာတာလဲ''
ဝှီးချဲမှာထိုင်ပြီး သူ့ကိုမကြည့်ကာပြတင်းပေါက်ဘက်ကိုမျက်နှာမူထားတဲ့ကောင်လေးကြောင့်ဂျွန်(John)သိပ်စိတ်မသက်မသာဖြစ်ရသည်၊
ဘောင်းဘီအိတ်ကပ်ထဲ လက်လျှိုကာထိုကောင်လေးနားကိုတဖြေးဖြေးကပ်သွားလိုက်တယ်၊
ထိုအခါ မင်ယွန်ဂီမှစကားပြန်ပြောလာလေသည်၊
'' အခုမင်းလိုချင်တာရနေပြီလား''
'' လိုချင်တာ... ဟက်၊ ကျွန်တော်ကအလုပ်တာဝန်အရလုပ်ရတာပဲလေ၊အထက်ကဒီကိစ္စကိုဆောင်ရွက်ပါဆိုရင်
ဆောင်ရွက်ရမှာက စုံထောက်တယောက်ရဲ့တာဝန်မဟုတ်လား '''' အဲဒါကြောင့်ပဲ ငါးနှစ်ကျော်ညီအကိုလိုနေလာတဲ့သူကိုသတ်ပစ်ရတဲ့အထိတာဝန်ကျေနေရတာပေါ့''
ဂျွန်ဟာထိုစကားကိုကြားတော့
ဒေါသထွက်ကာ ယွန်ဂီထိုင်နေတဲ့ဝှီးချဲကိုသူ့ဘက်လှည့်လိုက်ပြီး လက်ကိုင်နှစ်ခုကိုကိုင်ထားကာ
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.