'' အဆင်သင့်ဖြစ်ပြီလား? ပစ္စည်းသေချာစစ်အုန်း ''
ဆိုးလ်ပြန်ဖို့အတွက် ခရီးဆောင်အိတ်ကိုင်ထားတဲ့ ဂျောင်ဂုကိုအိမ်ထိန်းအမ်ကပြောနေသည်၊
ဂျောင်ဂုကလည်းအမ်မလီပြောစရာဆိုသေချာလေးနားထောင်ပေးသည်၊အမ်မလီဟာမိမိရှေ့မှာတင်အရွယ်ရောက်လာတဲ့သခင်လေးကြောင့် ပြုံးယောင်သန်းလာခဲ့သည်၊ အမြဲတမ်းအထီးကျန်နေတတ်ပြီး
ဘာကိုမှဂရုမစိုက်ချင်ယောင်ဆောင်တတွတဲ့ထိုကောင်လေးဟာ တကယ်တမ်းထိုသို့မဟုတ်မှန်း သူမသေချာသိသည်၊'' အမ်မလီရော ဆိုးလ်ကိုပြန်မလာတော့ဘူးလား?''
'' မပြန်တော့ပါဘူး၊ ပြန်သွားစရာအကြောင်းလည်းမရှိတော့ဘူးလေ ''
ဂျောင်ဂုဟာ အမ်မလီရဲ့ လက်တို့အားဆုပ်ကိုင်လိုက်သည်၊ အရေးအကြာင်းပေါ်နေတဲ့မျက်ဝန်းတို့အားကြည့်ပြီးခေါင်းငြိမ့်ကာ
'' အမ မရှိလည်း ကျွန်တော့်ဆီလာခဲ့လို့ရပါတယ်၊ အမ်မလီတယောက်တည်းမှမဟုတ်ပဲ''
'' ဒါဆိုသခင်လေးကရော...၊ ရိုစ့်ကိစ္စကိုမေ့လိုက်နိုင်ပြီလား? ''
''.......''
''သခင်လေး''
'' အမကိုသေအောင်လုပ်ခဲ့တဲ့လူကိုကျွန်တော်ရှာနေတယ်၊ မရှာနိုင်သေးသ၍ ကျွန်တော်သေလို့မဖြစ်သလို.....
ပျော်နေလို့လည်းမရဘူး အမ်မလီ''
''အဲ့လိုမနေပါနဲ့ သခင်လေး''
'' အမ်မလီကပျော်အောင်နေလို့ရပေမယ့် ကျွန်တော်ကမရဘူး ၊
တကယ်တမ်းဆိုရင်ကျွန်တော်သေသွားခဲ့ရမှာ...အမ မဟုတ်ပဲနဲ့''
''သခင်လေး''
ဂျောင်ဂုဟာအမ်မလီလက်ကိုဖွဖွလေးပုတ်လိုက်ပြီးပြန်လွတ်လိုက်တယ်၊ထို့နောက်ကျလုနီးနီး မျက်ရည်တို့ကိုပြန်သုတ်လိုက်ပြီး
ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာခြေချိတ်ထိုင်လိုက်သည်၊အမ်မလီကလည်းဆက်ပြီးစကားမပြောတော့ပဲ မီးဖိုချောင်ထဲကိုဝင်သွားလေသည်၊
အမ်မလီဟာ ရိုစ့်ရဲ့မွေးစားအမေဖြစ်တယ်၊
သူတို့စကားတွေအစအဆုံးကိုကြားနေရတဲ့မင်ယွန်ဂီကတော့လှေကားပေါ်မှာရပ်နေသည်၊သူဆင်းလာတော့ အိမ်ထိန်းအမ်နဲ့ဂျောင်ဂုနဲ့စကားပြောနေတာကိုတွေ့တာကြောင့်အပေါ်မှာသာရပ်နေခဲ့ခြင်းဖြစ်သည်၊
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.