အခန်း၂ ( ဘဝအသစ်စတင်ခြင်း )
သတိရတချက်မရတချက်နဲ့ လှုပ်ရှားနေသောပတ်ဝန်းကျင်ကြောင့် သူနိုးထလာခဲ့သည်။ မိမိ ခန်တာကိုယ်ဟာ လှုပ်ရှားနေပြီး တစုံတခုဟာလည်း ရွေ့လျားနေသည်။
သူမျက်လုံးကိုကျယ်ကျယ်ဖွင့်လိုက်တော့ တော်တော်လေးလန့်သွားရသည်။ မောင်းသူနေရာမှာထိုင်နေသော သူဟာ ထိန်းချုပ်မှုအလျဉ်းမရှိ။
ဘာဖြစ်တာလဲ ။ ခေါင်းတွေကလည်းတော်တော်ကိုက်နေပြီး ကားစပီယာတိုင်ကို သူ့အနေနဲ့ မထိန်းချုပ်နိုင်ပါ။ တစုံတယောက်က ဘရိတ်ကြိုးဖျက်ထားသကဲ့သို့ ဘယ်လောက်ပဲ ရပ်တန့်ချင်သော်လည်း မတတ်နိုင်ပဲ မောင်းနှင်နေသည်။ ကားထဲကနေအမြန်ထွက်ချင်ပေမယ့် သူ့ခန်တာကိုယ်ဟာ လှုပ်ရှားမရပဲ တောင့်တောင့်ကြီးဖြစ်နေခဲ့တယ်။ လက်က စပီယာတိုင်ကိုကိုင်နေပေမယ့် စေခိုင်းလို့မရဖြစ်နေ၏။တဖြေးဖြေးမြန်လာသောအရှိန်နဲ့ကားဟာ လမ်းမကြီးမှာမောင်းနှင်နေခဲ့သည်။
တဖြေးဖြေး အထိန်းအကွပ်မဲ့လာသောကားသည် တောထဲကလွတ်လာသော ကျားရိုင်းကြီးပမာ ရုန်းယှက်စွာ လမ်းမကြီးထပ်မှာ မောင်းနှင်နေသည်။
ဘာဖြစ်နေတာလဲ ငါ့ခန်တာကိုယ်လှုပ်ရှားလို့မရဘူးဖြစ်နေတယ်...။ ဒီတိုင်းသာဆိုရင် တိုက်ကုန်တော့မယ် ...။ မျက်ဝန်းတွေကလည်း ဝေဝါးလာပြီး အရောင်တေါပင်သေချာမမြင်ရတော့ပေ။ အရာအားလုံးဟာ လျှပ်တပျက်ပမာ လှုပ်ရှားသွားလာနေပြိး လူသူကင်းမဲ့နေတဲ့ကားလမ်းမထပ်မှာ မင်ယွန်ဂီမောင်းလာသောကားဟာ တကိုယ်တည်းလှုပ်ရှားနေခဲ့သည်။ အချိန်ကိုက်မှာပဲ တဖက်မှမောင်းလာတဲ့ ကားအဖြူတစီးအား ရုတ်တရက်မြင်လိုက်ရတဲ့အချိန်မှာတော့ သတိမကပ်တဲ့ကြားထဲကနေ အားကုန်နဲ့ စပီယာတိုင်ကို ညာလက်လွဲချလိုက်သည်။ ပြင်းထန်သောအရှိန်ဖြင့် နောက်ထပ်ကားတစီးပေါ်ကိုခုန်အုပ်မိလျက်သားဖြစ်သွားကာ တဖက်ကိုကျွံထွက်ပြီး ပေါက်ကွဲသံကျယ်ကြီးနဲ့အတူ ကားတိုက်မှုအကြီးအကျယ်ဖြစ်သွားခဲ့ပါသည်။ မြန်ဆန်သောအခြေအနေမှာ ယွန်ဂီတယောက် သတိမရတော့သည့်အပြင် ကားအောက်မှာသာညှပ်မိနေပါတော့သည်။ ခေါင်းကနေ သွေးတွေစီးကျနေပြီး မျက်နှာတခုလုံးဟာလည်း ပွန်းပဲ့သွားကာ သူ၏ခြေထောက်နှစ်ချောင်းဟာလည်း ကားနဲ့မြေကြီးကြားမှာ ညှပ်သွားလေသည်။ အကျည်းတန်လှသောမြင်ကွင်းတချို့ကြောင့် လမ်းမထပ်မှ လူအနည်းစုသည် ကြောက်လန့်တကြားအော်ဟစ်အကူအညီတောင်းပါလေတော့သည်။ အချိန်ကိုက်ဆိုသလိုဖြင့် မိုးနတ်မင်းကြီးရဲ့ ဒေါသဟာ မိုးရေတွေအဖြစ် ရွာသွန်းလာခဲ့ပါတော့သည်။
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.