ep9

323 43 0
                                    

ကျောင်းသွားရန် မနက်စာစားပြီး အိမ်ရှေ့မှာ ကားစောင့်နေခဲ့သည်။ ကျောင်းသားဝတ်စုံနဲ့သူဟာဘယ်လိုပုံစံဖြစ်နေမည်မှန်းမသိတော့ပါ။ အထက်တန်းနောက်ဆုံးနှစ်ကိုသေချာဖြေပြီး အရင်ကလို ဥပဒေကျောင်းပြန်တက်မည်။ပြီးရင်တော့ ခင်များပြေးမလွှတ်တော့ဘူး အမတ်အင် ။

''နင်က yoongi oppa မဟုတ်လား''

သူ့အနားကိုရောက်လာတဲ့လှပတဲ့ကလေးမတယောက်။ အလွန်လှပပြီးချစ်စရာကောင်းလွန်း၍ ယွန်ဂီအသက်ရှူဖို့ပင်မေ့ကာငေး၍ကြည့်နေမိသည်။

'' ​yoongi oppa ''

'' ဟုတ် ၊ ဟုတ်ကဲ့ ''

ရှက်ကိုးရှက်ကန်းနဲ့လည်ပင်းကိုပွတ်သတ်လိုက်မိသည်။

'' ကျွန်မကိုမှတ်မိလား ခရစ်စတယ်လေ၊ ငယ်ငယ်တုန်းကတခါတွေ့ဖူးတယ်လေ''

'' တောင်းပန်ပါတယ် ကျွန်တော် မမှတ်မိလိုက်ဘူး နာမည်ကခရစ်စတယ်နော် ၊ ခရစ်လို့ခေါ်လို့ရလား ''

''ရတာပေါ့ ၊ အကိုကျောင်းသွားတော့မလို့လား ၊ ခရစ်လိုက်ပို့မယ်လေ ၊ ဦးလေးကခရစ်ကိုကားအသစ်ဝယ်ပေးထားတာ စမ်းမောင်းကြည့်မလို့အတော်ပဲ ''

''ရပါတယ် ထိုက်ဖုန့်လိုက်ပို့လိမ့်မယ် ''

''ထိုက်ဖုန့်ရှင်း ၊ အဲ့တရုတ်ကောင်ကလား ''

''အမ် ၊ အေ ၊ ထိုက်ဖုန့် သူလေ ''

''တော်ပြီ ခရစ်နဲ့ပဲလိုက်ခဲ့ ၊ သူ့ကိုဦးလေးလည်းခိုင်းစရာရှိလောက်တယ် ၊မြန်မြန်သွားစို့ ''

''ကောင်းပြီလေ ဒါဆိုလည်း ''

မင်ယွန်ဂီလည်း သဘောတူကာ
ခရစ်နဲ့လိုက်ခဲ့လိုက်သည်။
ခရစ်၏ကားအသစ်မှာ အပြာရောင်ဖြစ်ပြီးအတော်လေးကိုလှပသည်။ သူ့တသက်ဒီလောက်လှတဲ့ကားမျိုးမစီးဖူးပါ။
အမြဲတမ်းအလုပ်နဲ့ပဲ ဖြတ်သန်းနေတော့
အလှအပခံစားမယ့်အချိန်မရှိခဲ့ပေ။

ခရစ်စတယ်မှာအလွန်လှပတဲ့မိန်းကလေးဖြစ်တယ်။ အနောက်တိုင်းဆန်တဲ့အလှအပတွေ ၊ ရွှေအိုရောင်ဆံပင်နဲ့အပြာရောင်မျက်ဝန်းတို့မှာအလွန်လှပသည်။ ဒီမိန်းကလေးကိုမြင်ရင် လွန်ခဲ့တဲ့နှစ်က တရားရုံမှာမြင်ခဲ့တဲ့အမျိုးသမီးကိုပြေးမြင်မိသည်။

My Gorgeous BoyfriendWhere stories live. Discover now