Part4ဆေးရုံကနေ ဆင်းရန် တပတ်အလိုမှာ ဆရာ၀န်ဟာ သူ့မျက်လုံးအတွက်ရော ခန္ဓာကိုယ်အတွက်ပါ ကောင်းစေမယ့်အစားအစာနဲ့ ဆေးတွေကိုညွန်းပေးသည်။ထိုအပ်တဲ့ဆေးတွေကိုထိုးသွင်းပေးပြီး ဆရာ၀န်နဲ့သူနာပြုတို့မှာအခန်းထဲကနေထွက်သွားလေပြီ။
သူတယောက်တည်းကျန်နေတုန်းမှာပဲ စားပွဲဘေးက ဖုန်းကိုယူလိုက်သည်။ ထို့နောက် သတင်းတွေကိုရှာဖွေကြည့်လိုက်သည်။အမှုဖြစ်ထားတာကသုံးလခန့်ရှိပြီမို့တော်တော်လေးရှာယူလိုက်ရသည်။
' ရှေ့နေတယောက်၏ ကားတိုက်မှု ...။
တရားလွှတ်တော်ရှေ့နေ မင်မျိိုးရိုးဟာဆိုရင် မူးယစ်စေသောဆေးတမျိုးကို ထိုးသွင်းထားပြီး ကားမောင်းလာခဲ့ရာမတော်တဆဖြစ်ပြီး ဆုံးပါးသွားတယ်။
သေဆုံးသွားသည်နဲ့တပြိုင်နက် ရှေ့နေမင်မျိုးရိုး၏မကောင်းမှုတွေဟာ တစတစပေါ်ပေါက်လာခဲ့သည်။ မူးယစ်ဆေးရောင်း၀ယ်ဖောက်ကားမှု လာဘ်စားမှု တရားမ၀င်လောင်ကစားရုံပိုင်ဆိုင်မှုတို့ပေါ်ပေါက်လာခဲ့ရာ
တရားရုံးမှ ရှေ့နေမင်ပိုင်ဆိုင်သော နေအိမ် ကား လောင်းကစား၀ိုင်း လက်ငင်းငွေတို့နဲ့ ငွေကဒ်တို့ကို နိုင်ငံ့ဘဏ္႑ာန်အဖြစ်သိမ်းယူလိုက်သည်။
ဒီလို ရှေ့နေတယောက်က မကောင်းမှုတွေလုပ်နေတဲ့အပေါ်မှာပြည်သူတွေထိတ်လန့်နေခဲ့ပါတယ် ။ ပြည်သူတွေမထိတ်လန့်ဖို့ရန်အတွက်လည်း အမတ်အင်မှ နှစ်သိမ့်မှုများပြုလုပ်ပေးခဲ့သည် 'ထိုသတင်းကြောင့်ဖုန်းကိုချက်ချင်းဆိုသလို ပိတ်ချလိုက်သည်။ ဘယ်လိုခွေးစကားတွေလဲ ။ ငါကဘယ်တုန်းကအဲ့လောက်ချမ်းသာသွားရတာလဲ ကား ၊လောင်ကစား၀ိုင်း မူးယစ်ဆေးဝါး ဟုတ်လား အဓိပါယ်မရှိတဲ့စကားတွေ။
အခုဘာဆက်လုပ်ရမလဲ ။အမေတော့တော်တော်လန့်နေတော့မှာပဲ ။ အမေအဆင်ပြေပါ့မလား ထယ်ယောင်းကောင်းကောင်းမှဂရုစိုက်ပေးပါ့မလား ။
အမေ့အတွက်ပဲဖြစ်ဖြစ် စိတ်ရှည်ရှည်နဲ့ ရှင်သန်ရအောင်။''ဒေါက် ဒေါက် ''
''ဝင်ခဲ့ပါ ''
ဖုန်းကိုစားပွဲမှာပြန်ချထားလိုက်သည်။
'' ယွန်ဂီရား မင်းbrotherက စားကောင်းသောက်ဖွယ်တွေယူလာတယ် ကြည့် ကြည့်''
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.