အခန်း၁၂
အခန်းပြတင်းပေါက်ကနေမြင်နေရတဲ့
ပါတီပွဲ။ လိုင်ကာလေးကနေကြည့်ပြီးမင်ယွန်ဂီတစုံတခုကိုအလိုမကျဖြစ်နေမိပါ၏။
ဘယ်အရာကိုများအလိုမကျဖြစ်နေတာပါလိမ့်။အနောက်တိုင်းဝတ်စုံနဲ့ချောချင်တိုင်းချောနေတဲ့တစုံတဦးကိုပင်လား? မိမိရှေ့မှာမဟုတ်ပဲလှပသောအမျိုးသမီးတယောက်ရှေ့မှာမခို့မယို့လေးနဲ့ရယ်မောနေသည့်ပုံကိုများလား?
ဆက်၍မကြည့်ချင်တော့ပဲ
စာရေးစာပွဲမှာထိုင်ကာ ကောင်လေး၏မှတ်စုစာအုပ်ကိုထုတ်ကာဆက်၍ဖတ်ခဲ့သည်။' ဒီနေ့က ရာသီဥတုသာယာတယ်၊ အမေနဲ့အဖေမရှိပေမယ့် ကျွန်တော်ဂရုစိုက်ရတဲ့လူကဒီကမ္ဘာမှာရှိနေသေးတယ်ဆိုတဲ့အသိနဲ့တင် အသက်ဆက်ရှင်ဖို့အကြောင်းပြချက်ရှိသွားပြီ.....အကိုဒီနေ့လည်းအကိုအရမ်းမိုက်တယ်....တနေ့နေ့ကျရင်အကို့ရှေ့မှာရပ်နိုင်အောင်ကြိုးစားမယ် '
ဒီကောင်လေးရဲ့အကိုဆိုတဲ့ အသုံးအနှုန်းမှာမည်သူ့ကိုရည်ညွန်းခြင်းဖြစ်လေသနည်း။
လှပစွာဖွဲ့ဆိုထားပြီး အသက်ရှင်ဖို့အကြောင်းအရင်းပါဖြစ်နေပုံရရင်အင်မတန်အရေးပါတဲ့လူဖြစ်မည်မှန်း သူသဘောပေါက်ပါ၏။ထို့နောက်စာရွက်ရဲ့အောက်ဆုံးနားလေးမှာ
နာမည်လိုလိုပုံစံမျိုးကိုမြင်ရသည်။
အဲ့သည့်နေရာမှာရေစိုနေတော့စာလုံးပုံစံကိုသေချာမမြင်ရ... ၊ ဒါ...ဟွ...။ဘာနာမည်များလဲ?
ဆက်ပြီးမကြည့်တော့ဘဲ
တစုံတခုကိုနက်နဲစွာစဥ်းစားနေမိသည်။
ဒီတိုင်းသာဆိုရင် ဆမ်ယော့ဆိုတဲ့ကောင်လေးအဖွဲ့အတွက်ဗီဇာလုပ်ပေးရအုန်းမည်။သို့သော်လက်ရှိသူ့မှာ ပိုက်ဆံမရှိပါ။ထို့အပြင်အသိကလည်းမရှိ...။အရင်လိုသူကရှေ့နေတယောက်လည်းမဟုတ်တော့ နည်းနည်းခက်ခဲသွားပြီ။တကယ်ပါပဲ ဒီခန္ဓာကိုယ်ပိုင်ရှင်က ဘယ်လိုတွေနေထိုင်ခဲ့လို့ ဆမ်ယော့တို့ကောင်လေးတွေ
ကျောင်းထွက်သွားရတာလဲ?စဥ်းစားနေရင်းစားပွဲပေါ်မှာထောင်ထားတဲ့ဓာတ်ပုံကိုကြည့်နေလိုက်သည်။ထိုဓာတ်ပုံဟာ
မျှော်စင်တခုပေါ်မှာဖြစ်တယ်၊ ထိုမျှော်စင်ကိုသူလည်းရောက်ဖူးသေးသည်။
ထိုကောင်လေးမှာမျှော်စင်ထိပ်ပေါ်ကသော့တွေချိတ်ဆွဲထားတဲ့နေရာကိုနောက်ခံထားပြီးမရယ်မပြုံးမျက်နှာဖြင့် လက်နှစ်ချောင်းထောင်ကာရိုက်ထားလေသည်။
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.