ep11

353 51 0
                                    

*
*
*
*

တတောက်တောက်နဲ့မြည်နေသောရေသံ။
တရွှန်းရွှန်းနဲ့ကြားနေရတဲ့အသံဗလံတချို့။
ဆူညံနေတဲ့သီချင်းသံတွေကြား ဦးနှောက်ကခပ်မြန်မြန်အလုပ်လုပ်လာခဲ့သည်။

မေ့ဆေးအရှိန်ကြောင့် လူကနုံချိချိဖြစ်နေပြီး
ချက်ချင်းသတိဝင်လာနိုင်ခြင်းမရှိ။

'' ကျွတ်ကျွတ် ကျွတ်! !''

''နိုးလာပြီလား သူတော်ကောင်းယောင်ဆောင်ထားတဲ့ နတ်သားလေး ''

လူတယောက်၏အသံ။
ပီကေဘဲဝါးထားသလိုလိုနဲ့ တခုခုပဲငုံထားသလိုအသံနဲ့ပြောနေတဲ့သူရဲ့လေသံကတမင်ပဲလုပ်နေသည်လား?

ဆေးလိပ်နံ့ပြင်းရှရှကြောင့်
ဒေါသကထောင်ကနဲပင်ထသွားရသည်။
မင်ယွန်ဂီဆိုတာဆေးလိပ်နံ့ကို တရားခံထပ် ဒုတိယမုန်းသည်။

'' ကျစ် အနံ့!''

''ဘာပြောတယ် ''

'' ဆေးလိပ်ကို ဆက်မသောက်လို့မရဘူးလား? သေတော့မှာမို့လို့ ဆေးလိပ်ကိုခွေးလိုသောက်နေတာလား?''

''ဘာပြောတယ်! ''

''ငါပြောတာနားမလည်ဘူးလား ''

''ကြည့်စမ်း ငါပြောတယ်မလား ဒီကောင်ဟန်ဆောင်ထားတာပါဆို... ၊ ကြားကြတယ်မလားငါ့ကိုအော်နေတာ ''

မင်ယွန်ဂီမျက်လုံးကိုသေချာဖွင့်ကြည့်လိုက်တော့
သူ့ရှေ့မှာရပ်နေတာက လူငါးယောက်ထပ်မနည်းပင်။ လမ်းဘေးလူမိုက်ကောင်တွေထင်နေတာ ဘယ်ဟုတ်မလဲ ကျောင်းပြေးကောင်လေးတွေပါလား?

ထလိုက်မယ်အလုပ်မှာပဲ
သူ့ခန္ဓာကိုယ်ကရွေ့လျားလို့မရပေ။
ထိုင်ခုံနဲ့ကိုယ်နဲ့က ပူးတွဲကပ်ကာ ကြိုးချည်ခံထားရသည်။

''ဒီကောင်တွေက ငါ့ကိုဘယ်သူထင်လို့ဒီလိုကြိုးတုတ်ထားရတာလဲ? ချက်ချင်းကြိုးမဖြေဘူးလား?''

''မင်းကိုမင်းဘယ်သူထင်နေလဲမင်ယွန်ဂီ?စာလေးတော်ရုံနဲ့ ကိုယ့်ကိုကိုယ် နတ်ဘုရားလို့ထင်နေလား? အဲ့တာကြောင့်ငါတို့ကို မြောင်းထဲပစ်ထည့်လိုက်တာလား?''

''ဘာတွေပြောနေတာလဲ''

''တွေ့လား တွေ့လား ''

ဆေးလိပ်တိုကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီးခြေထောက်နဲ့ခပ်ကြေကြေ ချေမွလိုက်သည်။တကယ်ချမွချင်နေတဲ့လူကတခြားဖြစ်နေပေမယ့်။

My Gorgeous BoyfriendWhere stories live. Discover now